ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဧလိယအား “သူနှင့်လိုက်သွားလော့။ သူ့ကို မကြောက်နှင့်”ဟု ဆိုသဖြင့် ဧလိယလည်း ထ၍ ထိုသူနှင့်အတူ ရှင်ဘုရင်ထံသို့ လိုက်သွားလေ၏။
ယေဇကျေလ 2:6 - မြန်မာ့စံမီသမ္မာကျမ်း အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။ Common Language Bible ``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။- Garrad Bible အ ချင်း လူ့ သား၊ သင် သည် ဆူး၊ ရှား စောင်း၊ ကင်း မြီး ကောက် အ လယ် တွင် နေ ရ သော် လည်း၊ ချင်း တို့ ကို လည်း ကောင်း၊ စ ကား များ ကို လည်း ကောင်း၊ မ ကြောက် လင့်။ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး၏ စ ကား များ ကြောင့် ကြောက် ရွံ့ ခြင်း၊ မျက် နှာ ထား ကြောင့် တုန် လှုပ် ခြင်း ကင်း လျက် နေ လော့။ Judson Bible အချင်းလူသား၊ သင်သည် ဆူးပင်အမျိုးမျိုးနှင့် တွေ့၍၊ ကင်းမြီးကောက်တို့တွင် နေရသော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သော အမျိုးဖြစ်၍၊ သူတို့စကားကို မကြောက်နှင့်။ သူတို့ မျက်နှာရည်ကြောင့် စိတ်မပျက်နှင့်။ |
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က ဧလိယအား “သူနှင့်လိုက်သွားလော့။ သူ့ကို မကြောက်နှင့်”ဟု ဆိုသဖြင့် ဧလိယလည်း ထ၍ ထိုသူနှင့်အတူ ရှင်ဘုရင်ထံသို့ လိုက်သွားလေ၏။
ထာဝရဘုရားက “ငါသာလျှင် သင်တို့ကိုနှစ်သိမ့်ပေးသောသူဖြစ်၏။ သေမျိုးဖြစ်သောလူ၊ မြက်ပင်ကဲ့သို့ဖြစ်သည့်လူသားကို သင်အဘယ်ကြောင့်ကြောက်ရွံ့သနည်း။
ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရားကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။
အကယ်စင်စစ် ဆိုးယုတ်မှုသည် မီးကဲ့သို့လောင်ကျွမ်းတတ်၏။ ချုံပင်၊ ဆူးပင်များကိုလောင်မြိုက်လျက်၊ တောအုပ်ကိုစွဲလောင်လျက် အခိုးတလူလူတက်စေတတ်၏။
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
သူတို့ကို မကြောက်နှင့်။ ငါသည် သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူပြီးလျှင်
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
သူတို့အားလုံးသည် ကြေးနီကဲ့သို့၊ သံကဲ့သို့ ခေါင်းမာ၍ ပုန်ကန်တတ်၏။ အတင်းအဖျင်းလိုက်ပြောတတ်၏။ သူတို့အားလုံး အကျင့်ပျက်ပြားကြ၏။
ပုန်ကန်တတ်သောအမျိုးအား ဤပုံဥပမာဖြင့် ခိုင်းနှိုင်းပြလော့။ ဘုရားရှင်ထာဝရဘုရားက ‘အိုးထဲသို့ ရေလောင်းထည့်၍ မီးဖိုပေါ်တင်လော့။
အစ္စရေးလူမျိုးတို့ကို စူးသောဆူး၊ နာကျင်စေသောဆူးနှင့်တူသောဝန်းကျင်မှ မကောင်းပြောသူများ ရှိတော့မည်မဟုတ်။ နောက်မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အကျွန်ုပ်မူကား ယာကုပ်ပုန်ကန်သောအပြစ်၊ အစ္စရေးကျူးလွန်သောအပြစ်ကို ဖော်ပြနိုင်ရန် ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုးနှင့်လည်းကောင်း၊ တရားမျှတမှုနှင့် အစွမ်းတန်ခိုးတို့နှင့်လည်းကောင်း ပြည့်ဝ၏။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းချေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။
ငါ၏မိတ်ဆွေများဖြစ်ကြသောသင်တို့အား ငါဆိုမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးသည့်နောက်တွင် အခြားမည်သည့်အရာကိုမျှ ထပ်၍မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
ထာဝရဘုရား၊ ယခု သူတို့၏ခြိမ်းခြောက်မှုများကို သတိမူလျက် ကိုယ်တော်၏အစေအပါးတို့အား နှုတ်ကပတ်တရားကိုရဲရင့်ခြင်းအပြည့်အဝဖြင့်ဟောပြောရသောအခွင့်ကိုပေးတော်မူပါ။
ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
ထိုသို့ကြောက်ရွံ့ခြင်းမရှိခြင်းသည် သူတို့အတွက် ပျက်စီးခြင်း၏လက္ခဏာဖြစ်၏။ သင်တို့အတွက်မူကား ကယ်တင်ခြင်း၏လက္ခဏာဖြစ်ပြီး ၎င်းသည် ဘုရားသခင်ထံမှလာ၏။
အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ကြောက်တတ်သောဝိညာဉ်ကို ပေးတော်မူသည်မဟုတ်ဘဲ တန်ခိုး၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကိုချုပ်တည်းခြင်းတို့နှင့်ဆိုင်သောဝိညာဉ်ကို ပေးတော်မူ၏။
သူသည် မမြင်ရသောအရှင်ကိုမြင်နေရသကဲ့သို့ သည်းခံတည်ကြည်ခဲ့သည်ဖြစ်၍ ရှင်ဘုရင်၏ပြင်းစွာသောဒေါသကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်ကိုစွန့်ခွာခဲ့၏။
သို့သော် ဖြောင့်မတ်ခြင်းကြောင့် ဒုက္ခဝေဒနာခံစားခဲ့ရလျှင်ပင် သင်တို့သည် မင်္ဂလာရှိကြ၏။ သူတို့၏ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့ခြင်းနှင့်တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ
သူတို့တွင် ကင်းမြီးကောက်ကဲ့သို့ ဆူးပါသောအမြီးရှိ၍ ထိုအမြီး၌ လူတို့ကို ငါးလတိုင်တိုင်ဘေးသင့်စေနိုင်သောအစွမ်းရှိ၏။