သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
ယေဇကျေလ 19:9 - မြန်မာ့စံမီသမ္မာကျမ်း သူ့ကိုကြိုးကွင်းစွပ်လျက် လှောင်အိမ်ထဲထည့်ကာ ဘေဘီလုံဘုရင်ထံသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထား၏။ ထို့ကြောင့် အစ္စရေးတောင်များပေါ်တွင် သူ၏ဟိန်းဟောက်သံကို မကြားရတော့ပေ။ Common Language Bible ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီး လှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကို နောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။ Garrad Bible နှာ ဖား ကြိုး ထိုး လျက် ချိုင့် လှောင်၍၊ ဗာ ဗု လုန် ဘု ရင် ထံ ယူ သွား ကြ၏။ ဣ သ ရေ လ ခင် တန်း၌၊ နောင် ဟိန်း ဟောက် သံ မ ကြား ရ အံ့ သော ငှာ၊ လှောင် အိမ် များ အ တွင်း သွင်း ထား ကြ လေ စွ။ Judson Bible သံကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင်ပေါ်မှာ နောက်တစ်ဖန် မမြည်စေခြင်းငှာ နှောင်အိမ်၌လှောင်ထားကြ၏။ |
သင်သည် ငါ့ကိုအမျက်ထွက်ပြီး စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ခွံ့မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည်။
ဖာရောနေခေါမင်းကြီးသည် သူ့ကို ဂျေရုဆလင်မြို့တွင် နန်းချပြီး ဟာမတ်ပြည်၊ ရိဗလမြို့တွင် အကျဉ်းချထား၍ တိုင်းပြည်ကိုလည်း ငွေတာလန်တစ်ရာ၊ ရွှေတစ်တာလန် ဒဏ်တပ်လေ၏။
ဤသို့ဖြင့် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ဖမ်းခေါ်သွား၏။ ရှင်ဘုရင်၏မယ်တော်၊ ရှင်ဘုရင်၏မိဖုရားများ၊ မှူးမတ်များနှင့် တိုင်းပြည်အကြီးအကဲအားလုံးတို့ကိုလည်း ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားလေ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
လူတို့၏ခံတပ်တို့ကိုဖြိုဖျက်၍ မြို့တို့ကို တိတ်ဆိတ်ခြောက်ကပ်စေ၏။ သူ၏ဟိန်းဟောက်သံကြောင့် တစ်ပြည်လုံး တုန်လှုပ်ချောက်ချားကုန်၏။
အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။
တစ်ဖန် အချင်းလူသား၊ အစ္စရေးတောင်တန်းအား ဤသို့ပရောဖက်ပြုဟောပြောလော့။ ‘အို အစ္စရေးတောင်တန်း၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။