သားကောင်မဲ့သောကြောင့် ခြင်္သေ့တို့ သေကျေကြရ၏။ ခြင်္သေ့ပေါက်လေးတို့လည်း ကွဲလွင့်ကုန်ပါ၏။
ယေဇကျေလ 19:2 - မြန်မာ့စံမီသမ္မာကျမ်း ‘သင့်မိခင်ကား မည်သို့သောသူနည်း။ ခြင်္သေ့ပျိုတို့နှင့်အတူနေထိုင်၍ သားပေါက်တို့ကိုကျွေးမွေးသောခြင်္သေ့မ၊ ခြင်္သေ့များကြားမှ ခြင်္သေ့မဖြစ်သည်မဟုတ်လော။ Common Language Bible သင့်အမိသည်ခြင်္သေ့မပီသပါပေသည်။ သူသည်ငယ်ရွယ်သောခြင်္သေ့ဖိုတို့ကြားတွင် သားငယ်များကိုကြီးပြင်းအောင်ကျွေးမွေး စောင့်ရှောက်၏။ Garrad Bible သင့် မယ် တော် ကား၊ ခြင်္သေ့ တို့ ကြား တွင် ဝပ် လျက်၊ ခြင်္သေ့ ပျို တို့ ဘောင် တွင်၊ သား ငယ် များ ကို မွေး မြူ သော ခြင်္သေ့ မ ဖြစ် လှ လေ စွ။ Judson Bible သင်၏အမိကား အဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။ |
သားကောင်မဲ့သောကြောင့် ခြင်္သေ့တို့ သေကျေကြရ၏။ ခြင်္သေ့ပေါက်လေးတို့လည်း ကွဲလွင့်ကုန်ပါ၏။
အို ဘုရားသခင်၊ သူတို့ပါးစပ်ထဲမှ သူတို့၏သွားကို ချိုးပစ်တော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏အစွယ်များကို ချိုးတော်မူပါ။
သူတို့၏အော်ဟစ်သံသည် ခြင်္သေ့ဟိန်းဟောက်သံနှင့်တူ၏။ သူတို့သည် ခြင်္သေ့ပျိုကဲ့သို့ဟိန်းဟောက်မာန်ဖီလျက် သားကောင်ကိုဖမ်းပြီး ဆောင်ယူသွားလိမ့်မည်။ ကယ်မည့်သူမရှိ။
သူကျွေးမွေးသောသားပေါက်တို့ထဲမှ တစ်ကောင်သည် သန်စွမ်းသောခြင်္သေ့ပျိုဖြစ်လာ၍ သားကောင်ကိုကိုက်ဖြတ်ရန် သင်ယူ၍ လူတို့ကိုပင် ကိုက်စားဝါးမျိုတတ်လာ၏။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးအတွက် ငိုကြွေးမြည်တမ်းလျက် ‘သင်သည် လူမျိုးတကာတို့တွင် ခြင်္သေ့ပျိုနှင့်တူ၏။ မြစ်ချောင်းတို့တွင် ကူးခတ်သွားလာပြီး ထိုမြစ်ချောင်းတို့ကို ခြေဖြင့်မွှေနှောက်ကာ နောက်ကျိစေသော ပင်လယ်မြွေနဂါးနှင့်တူ၏’ဟု သူ့အား ဆင့်ဆိုလော့။
အသရေဖျက်ဆီးခံရသောကြောင့် သိုးထိန်းတို့၏မြည်တမ်းသံကို ကြားရလေပြီ။ ဂျော်ဒန်တောအုပ်ကြီးဖျက်ဆီးခံရသောကြောင့် ခြင်္သေ့ပျိုတို့၏ဟိန်းသံကို ကြားရလေပြီ။
ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ဗာရှန်ပြည်မှခုန်ထွက်လာသည့် ခြင်္သေ့သားပေါက်ဖြစ်၏။