သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
ယေဇကျေလ 17:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မင်းမျိုးမင်းနွယ်ထဲမှ လူတစ်ဦးကိုခေါ်ယူ၍ သူနှင့်ပဋိညာဉ်ဖွဲ့ကာ ကျိန်ဆိုထားခဲ့၏။ တိုင်းပြည်အကြီးအကဲများကိုမူ ဖမ်းခေါ်သွား၏။ Common Language Bible ထိုနောက်သူသည်ထိုဘုရင်၏ဆွေတော်မျိုး တော်တစ်ဦးကိုခေါ်ယူ၍ ငြိမ်းချမ်းရေးစာ ချုပ်ကိုချုပ်ဆိုပြီးလျှင်သူ့အားကျမ်းသစ္စာ ကျိန်ဆိုစေ၏။ ဣသရေလနိုင်ငံနှိမ့်ချခံရ လျက် ဣသရေလအမျိုးသားတို့နောက်တစ် ဖန်မပုန်ကန်နိုင်ကြစေရန်နှင့်၊ ငြိမ်းချမ်းရေး စာချုပ်ကိုလိုက်နာစောင့်ထိန်းခြင်းအားဖြင့် သာရှင်သန်နိုင်ကြစေရန် အရေးပါအရာ ရောက်သူများကိုဋ္ဌားစာခံအဖြစ်ဖြင့် ခေါ်ဆောင်သွား၏။- Garrad Bible မင်း မျိုး အ နက် ရွေး ကောက် လျက်၊ ပ ဋိ ညာဉ် ဖွဲ့ သော ထို မင်း အား သ စ္စာ တော် တိုက် ပြီး နောက်၊ နှိမ့် ချ စွာ နေ လျက်၊ ထ ကြွ မှု မ ပြု သည့် အ လျောက်၊ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ကို စောင့် ရှောက် သ ဖြင့်၊ နိုင် ငံ တည် မြဲ ရ စေ ခြင်း ငှာ၊ အ ရာ ရှိ အ ပေါင်း တို့ ကို လည်း၊ ထို ပြည် မှ သိမ် သွား လေ ၏။ Judson Bible ဆွေတော်မျိုးတော်ထဲက တစ်ယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။ |
သူ့အား ဘုရားသခင်ထံတိုင်တည်ကျိန်ဆိုစေခဲ့သောနေဗုခဒ်နေဇာမင်းကြီးကိုလည်း ပုန်ကန်၏။ သူသည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားထံ ပြန်မလှည့်၊ ခေါင်းမာလျက်၊ စိတ်နှလုံးမာကျောလျက်သာ နေ၏။
သူရဲကောင်းနှင့်စစ်သည်မှစ၍ တရားသူကြီး၊ ပရောဖက်၊ ဂမ္ဘီရပညာတတ်မြောက်သူ၊ သက်ကြီးဝါကြီး၊
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက မင်းမြှောက်လိုက်သော ယောရှိမင်းကြီး၏သားတော်ဇေဒကိသည် ယောယကိမ်မင်းကြီး၏သားတော်ခေါနိ၏နေရာ၌ ယုဒပြည်ကို စိုးစံလေ၏။
သူတို့က ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ဆိုကြလျက်ပင် မဟုတ်မမှန်ကျိန်ဆိုတတ်ကြ၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သူ့အား နန်းတင်ပေးခဲ့သည့် ဘုရင်နှင့် သူဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြင့် ထိုဘုရင်နှင့်ကျိန်ဆိုခဲ့သည်ကို သူမထီမဲ့မြင်ပြုသောကြောင့် ထိုဘုရင်၏တိုင်းပြည်ဘေဘီလုံမြို့တွင်ပင် သေဆုံးရမည်။
ထိုပြည်မှ မျိုးစေ့အချို့ကိုယူပြီး ရေဝသောမြေပေါ်မှာ စိုက်ထားသောမိုးမခပင်ကဲ့သို့ မြေဩဇာကောင်းသောမြေတွင် စိုက်ထား၏။
အချင်းလူသား၊ ပရောဖက်ပြု၍ ဤသို့ဆင့်ဆိုလော့။ အမ္မုန်အမျိုးသားများနှင့်ပတ်သက်၍၊ သူတို့ကဲ့ရဲ့ပြစ်တင်သောအမှုနှင့်ပတ်သက်၍ ဘုရားရှင်ထာဝရဘုရားက ‘ဓား၊ ဓားကိုထုတ်ထားပြီ။ သတ်ဖြတ်ရန် ပြောင်လက်အောင် သွေးထားပြီဖြစ်၍ ဓားသွားမှာဝင်းလက်နေပြီ။
သူတို့ပြောသောစကားသည် စကားသက်သက်သာ ဖြစ်၏။ ပဋိညာဉ်ဖွဲ့ရာ၌ အချည်းနှီးကျိန်ဆိုကြ၏။ ထို့ကြောင့် တရားစီရင်ခြင်းသည် ထွန်ကြောင်းပေါ်တွင် ပေါက်သောအဆိပ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
အမ္မုန်လူမျိုးနာဟတ်သည် ချီလာ၍ ယာဗက်ဂိလဒ်မြို့နားတွင် တပ်ချ၏။ ထိုအခါ ယာဗက်မြို့သားတို့က နာဟတ်အား “ကျွန်ုပ်တို့နှင့် မဟာမိတ်ဖွဲ့ပါလော့။ အရှင့်ထံ၌ အစေခံပါမည်”ဟု ဆိုကြ၏။