သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
ယေဇကျေလ 16:51 - မြန်မာ့စံမီသမ္မာကျမ်း ရှမာရိ၏အပြစ်သည် သင်ပြုသောအပြစ်၏တစ်ဝက်မျှလောက်ပင်မရှိ။ သင်သည် သူတို့ထက် စက်ဆုပ်ရွံရှာဖွယ်အပြစ်များစွာကို ပြုလေပြီ။ သင်ပြုသောစက်ဆုပ်ရွံရှာဖွယ်များလွန်းသဖြင့် သင့်အစ်မသည် ဖြောင့်မတ်သည်ဟုပင် ထင်ရလေပြီ။ Common Language Bible ``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။- Garrad Bible ရှ မာ ရိ လည်း သင့် ပြစ် မှု ထက် ဝက် မျှ မ ပြု ချေ။ သင် သည် ချင်း တို့ ထက် မြောက် မြား စွာ ရွံ ရှာ ဖွယ် ပြု သ ဖြင့်၊ ညီ အစ် မ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ ပြီ တ ကား။ Judson Bible ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက်တစ်ဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။ |
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
ထိုအဖြစ်အပျက်ကို သူ့ညီမအဟောလိဗ မြင်သော်လည်း ရာဂစိတ်အားကြီး၍ သူ့အစ်မထက် သာ၍အကျင့်ပျက်ပြား၏။ ပြည့်တန်ဆာလုပ်၍ သူ့အစ်မထက် သာ၍ဖောက်ပြန်မှားယွင်း၏။