နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
ယေဇကျေလ 16:44 - မြန်မာ့စံမီသမ္မာကျမ်း စကားပုံဖွဲ့တတ်သူတိုင်းက သင့်ကို မအေတူသမီးဟု စကားပုံဖွဲ့ကြလိမ့်မည်။ Common Language Bible ထာဝရဘုရားက``အို ယေရုရှလင်မြို့၊ လူ တို့သည်သင်၏အကြောင်းနှင့်ပတ်သက်၍`အမိ စရိုက်သမီးလိုက်' ဟူသောစကားပုံကို သုံးစွဲကြလိမ့်မည်။- Garrad Bible ပုံ ဆောင် တတ် သူ တိုင်း သင့် အား ရည် လျက်၊ အ မိ စ ရိုက် သ မီး လိုက် ဟု ပုံ ဆောင် ကြ လ တ္တံ့။ Judson Bible စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။ |
နာဗုတ်သေပြီဟု အာဟပ်မင်းကြီးကြားလျှင် ယေဇရေလမြို့သားနာဗုတ်၏စပျစ်ခြံကို သိမ်းယူရန် ထသွားလေ၏။
သူတို့ရှေ့မှထာဝရဘုရားနှင်ထုတ်တော်မူခဲ့သောလူမျိုးခြားများကဲ့သို့ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိသမျှတို့၌ နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ မကောင်းသောအမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။
သို့သော်လည်း သူတို့မနာခံကြ။ မနာရှေမင်းကြီးသည် သူတို့ကို လမ်းလွဲစေ၍ အစ္စရေးအမျိုးသားတို့ရှေ့တွင် ထာဝရဘုရား ဖျက်ဆီးတော်မူခဲ့သည့်လူမျိုးခြားတို့ထက် အစ္စရေးလူမျိုးတို့ကို မကောင်းမှုပြုစေခဲ့၏။
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသော ထိုဆိုရိုးစကားကို ငါအဆုံးသတ်စေမည်။ နောင်တွင် ထိုစကားကို အစ္စရေးပြည်၌ ပြောဆိုရတော့မည်မဟုတ်။ ဗျာဒိတ်နိမိတ်ဟူသမျှ ဖြစ်လာမည့်နေ့ ရောက်တော့မည်’ဟု မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ဂျေရုဆလင်မြို့အား ဤသို့မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့။ ‘သင့်မွေးရပ်ဇာတိမှာ ခါနာန်ပြည်ဖြစ်၍ သင့်ဖခင်သည် အာမောရိလူမျိုး၊ သင့်မိခင်သည် ဟိတ္တိလူမျိုးဖြစ်၏။
သင်သည် ခင်ပွန်းနှင့်သားသမီးတို့ကို မနှစ်သက်သောအမေနှင့် တူ၏။ ခင်ပွန်းနှင့်သားသမီးကို မနှစ်သက်သော အစ်မတို့နှင့်လည်း တူ၏။ သင့်အမိသည် ဟိတ္တိလူမျိုး၊ သင့်အဖသည် အာမောရိလူမျိုးဖြစ်၏။
‘ဆိုးယုတ်သောသူထံမှ ဆိုးယုတ်သောအမှု ထွက်တတ်၏’ဟူသော ရှေးဆိုရိုးရှိပါ၏။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။