တေရကိုရပြီးနောက် နာခေါ်သည် တစ်ရာတစ်ဆယ့်ကိုးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ယေဇကျေလ 16:3 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ဂျေရုဆလင်မြို့အား ဤသို့မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့။ ‘သင့်မွေးရပ်ဇာတိမှာ ခါနာန်ပြည်ဖြစ်၍ သင့်ဖခင်သည် အာမောရိလူမျိုး၊ သင့်မိခင်သည် ဟိတ္တိလူမျိုးဖြစ်၏။ Common Language Bible ထိုမြို့အားအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ``သင်၏မျိုးရိုးစဉ်ဆက်သည်ခါနာန်ပြည်တွင် မွေးဖွား၍ သင်၏အဖသည်အာမောရိအမျိုး သား၊ သင်၏အမိမှာဟိတ္တိအမျိုးသမီး ဖြစ်၏။- Garrad Bible သင် ဖွား ရာ ဇာ တိ အ ခြင်း အ ရာ များ သည်၊ ခါ နာန် ပြည် နှင့် စပ် ဆိုင်၍၊ အ ဖ ကား၊ အာ မော ရိ၊ အ မိ ကား၊ ဟိ တ္တိ အ မျိုး တည်း။ Judson Bible ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဖွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊ သင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏။ |
တေရကိုရပြီးနောက် နာခေါ်သည် တစ်ရာတစ်ဆယ့်ကိုးနှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
သူသည် အစ္စရေးအမျိုးသားတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သော အာမောရိလူမျိုးတို့ပြုခဲ့သည့်အတိုင်း ရုပ်တုများနောက်သို့လိုက်၍ စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုလေ၏။
“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။
အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အာဗြံကိုရွေးကောက်တော်မူ၍ သူ့ကို ခါလဒဲပြည် ဥရမြို့မှထုတ်ဆောင်ခဲ့ပြီး အာဗြဟံဟူသောအမည်ကိုပေးတော်မူ၏။
သောဒုံမြို့ကိုအုပ်ချုပ်သောသူတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ဂေါမောရမြို့သူမြို့သားတို့၊ ငါတို့ဘုရားသခင်၏ပညတ်တရားကို စူးစိုက်နားထောင်ကြလော့။
အဦးဆုံးဖခင်သည် အပြစ်ပြုခဲ့ပြီ။ သင့်အတွက် ကြားဝင်စေ့စပ်ပေးသူတို့သည် ငါ့ကိုပြစ်မှားကြပြီ။
“အချင်းလူသား၊ ဂျေရုဆလင်မြို့အား မိမိ၏စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သိစေလော့။
သင်မွေးဖွားခြင်းအကြောင်းကိုဆိုရလျှင် သင်မွေးသောနေ့၌ သင့်ကို ချက်ကြိုးမဖြတ်ပေး၊ ရေချိုးသန့်စင်မပေး၊ ဆားမလူးပေး၊ အနှီးဖြင့် မပတ်ရစ်ပေး။
သင်သည် ခင်ပွန်းနှင့်သားသမီးတို့ကို မနှစ်သက်သောအမေနှင့် တူ၏။ ခင်ပွန်းနှင့်သားသမီးကို မနှစ်သက်သော အစ်မတို့နှင့်လည်း တူ၏။ သင့်အမိသည် ဟိတ္တိလူမျိုး၊ သင့်အဖသည် အာမောရိလူမျိုးဖြစ်၏။
ဓားကို ဓားအိမ်သို့ ပြန်သွင်းလော့။ စင်စစ် သင်မွေးဖွားရာသင့်ဇာတိမြေတွင်ပင် သင့်ကို ငါစီရင်မည်။
သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံမြို့သည် သင့်ထက် ခံသာလိမ့်မည်”ဟု မိန့်တော်မူ၏။
သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။
ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။
ငါတို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ထဲတွင်ပါလျက် မိမိတို့သွေးသားဇာတိ၏တပ်မက်ခြင်းများထဲ၌ အသက်ရှင်နေထိုင်ခဲ့ပြီး ကိုယ်ကာယနှင့်စိတ်နှလုံးတို့၏အလိုအတိုင်းပြု၍ အခြားသောသူတို့ကဲ့သို့ပင် သဘာဝအလျောက် အမျက်တော်ခံထိုက်သောသူများဖြစ်ကြ၏။
ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး တို့၏မြို့များကို သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အကုန်အစင်ဖျက်ဆီးရမည်။ မည်သည့်သက်ရှိသတ္တဝါကိုမျှ အသက်ချမ်းသာမပေးရ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
တောင်ဘက်ခါနာန်ပြည်တစ်ခုလုံး၊ ဆီဒုန်လူမျိုးတို့ပိုင်သောမာရပြည်မှ အာမောရိပြည်နယ်နိမိတ်အာဖက်ပြည်အထိ၊
သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။