သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
ယေဇကျေလ 16:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သင်သည် လူစည်ကားသောနေရာတိုင်းတွင် ကိုယ့်အဖို့ အထွတ်အမြတ်ထားသောနေရာဆောက်၏။ ပူဇော်ရာကိုတည်၏။ Common Language Bible စျေးရပ်ကွက်တိုင်းတွင်သင့်အတွက်သင် ကိုးကွယ်ရန် တောင်ကုန်းနှင့် ရုပ်တုကိုးကွယ် ရာဌာနများကိုပြုလုပ်၏။- Garrad Bible သင် သည် လမ်း ဆုံ တိုင်း၌ ကုန်း ဖို့ ခြင်း၊ မြေ တောင် မြှောက် ခြင်း ပြု လျက်၊ Judson Bible ကိုယ်နေဖို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိတိုင်း မြင့်သောအရပ်ကို လုပ်လေ၏။ |
သူတို့သည် အထွတ်အမြတ်ထားရာနေရာများ၊ ကျောက်တိုင်များ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ကုန်းမြင့်ရှိသမျှ၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ကိုယ့်အဖို့ တည်ထားကြ၏။
ထို့ပြင် သူသည် ယုဒတောင်ကုန်းများပေါ်တွင် အထွတ်အမြတ်ထားရာနေရာများကိုလည်း တည်၍ ဂျေရုဆလင်မြို့သားများကို ဖောက်ပြန်မှားယွင်းစေ၏။ ယုဒပြည်သားများကိုလည်း လမ်းလွဲစေ၏။
ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
ဝက်သစ်ချပင်တို့ကြား၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ရမ္မက်မီးတောက်လောင်သောသူများ၊ လျှိုမြောင်ရှိ ကျောက်တောင်အက်ကွဲကြောင်းများတွင် သားသမီးများကို သတ်ဖြတ်ပူဇော်သောသူများ ဖြစ်ကြသည်မဟုတ်လော။
သင်သည် မြင့်မားသောတောင်ပေါ်တွင် သင်၏အိပ်ရာကိုခင်း၏။ ထိုတောင်ပေါ်သို့တက်၍လည်း ယဇ်ပူဇော်တတ်၏။
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
အို ကွင်းပြင်ရှိငါ့တောင်၊ ပြည်တစ်ပြည်လုံးရှိ အပြစ်များကြောင့် သင်၏ဥစ္စာပစ္စည်း၊ သင်၏ဘဏ္ဍာအလုံးစုံတို့နှင့် သင်အထွတ်အမြတ်ထားရာကုန်းမြင့်တို့ကို လုယူဖျက်ဆီးရာအဖြစ် ငါပေးလိုက်မည်။
“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
သင်ပြုသောမကောင်းမှုများကြောင့် အမင်္ဂလာသည် သင်၏နောက်သို့ လိုက်လာလိမ့်မည်ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။
သင့်ကို သူတို့လက်သို့အပ်လိုက်မည်။ သူတို့သည် သင်၏ကွန်းခိုရာကို ဖြိုချပစ်မည်၊ သင်အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီးပစ်မည်။ သင့်အဝတ်များကိုချွတ်၍ လက်ဝတ်ရတနာများကိုယူပြီးလျှင် အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။