“ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကို များစွာညှဉ်းပန်းနှိပ်စက်ကြ၏”ဟု အစ္စရေးလူမျိုးတို့သည် ဆိုကြပါစေ။
ယေဇကျေလ 16:22 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် အလုံးစုံသောစက်ဆုပ်ရွံရှာဖွယ်ပြည့်တန်ဆာအမှုကိုပြုစဉ် ငယ်စဉ်ဘဝက အဝတ်မပါအချည်းစည်းဖြစ်ခဲ့၍ သွေးထဲတွင်လူးနေခဲ့ရသည်ကို သင်မအောက်မေ့ပါတကား။ Common Language Bible သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။ Garrad Bible ရွံ ရှာ ဖွယ် အ မှု၊ မှား ယွင်း သော အ မှု ရှိ သ မျှ ကို ပြု ရာ၊ အ သွေး၌ အ ဝတ် အ ချည်း စည်း ကန် ကျောက် လျက် နေ ရ သော ငယ် ရွယ် စဉ် ကာ လ ကို၊ သင် သ တိ မ ရ ချေ။ Judson Bible သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှု၊ မတရားသော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ်သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ်အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါတကား။ |
“ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကို များစွာညှဉ်းပန်းနှိပ်စက်ကြ၏”ဟု အစ္စရေးလူမျိုးတို့သည် ဆိုကြပါစေ။
“ဂျေရုဆလင်မြို့ကြားသိအောင်သွား၍ဟစ်အော်လော့။ ထာဝရဘုရားမိန့်တော်မူသည်မှာ ‘သင်ငယ်ရွယ်စဉ်က ငါ့အပေါ်မေတ္တာထားခဲ့သည်ကိုလည်းကောင်း၊ သတို့သမီးအချစ်နှင့် ချစ်ခဲ့သည်ကိုလည်းကောင်း၊ မြေရိုင်းမြေကောတောကန္တာရ၌ ငါ့နောက်လိုက်ခဲ့သည်ကိုလည်းကောင်း ငါအောက်မေ့၏။
သင်ပြုသောမကောင်းမှုများကြောင့် အမင်္ဂလာသည် သင်၏နောက်သို့ လိုက်လာလိမ့်မည်ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘သင်၏ငယ်ဘဝကို မေ့ထားပြီး ညစ်ညမ်းသောအမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ပြုခြင်းဖြင့် ငါ့ကိုဒေါသထွက်စေသောကြောင့် သင်ပြုခဲ့သမျှတို့ကို သင့်ခေါင်းပေါ် ပြန်ရောက်စေမည်။ ထိုအမှုအပေါင်းတို့ကို သင်မပြုတော့နှင့်။
“အစ္စရေးငယ်စဉ်က သူ့ကိုငါချစ်၏။ ငါ့သားကို အီဂျစ်ပြည်မှ ငါခေါ်ခဲ့ပြီ။
သို့မဟုတ်လျှင် ငါသည် သူ့အဝတ်ကိုချွတ်ပစ်၍ သူမွေးလာသောနေ့ကကဲ့သို့ အဝတ်အချည်းစည်းဖြစ်စေမည်။ တောကန္တာရကဲ့သို့ ဖြစ်စေ၍ ခြောက်သွေ့သောမြေ ဖြစ်စေမည်။ ရေငတ်သေစေမည်။