သင့်အား ငါထောက်ပံ့ကျွေးမွေးသောအစားအစာဖြစ်သည့် အကောင်းဆုံးဂျုံမှုန့်၊ သံလွင်ဆီ၊ ပျားရည်တို့ကို သင်သည် မွှေးကြိုင်သောရနံ့အဖြစ် သူတို့အား ပူဇော်လေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။
အ စာ အာ ဟာ ရ အ ဖို့ ငါ ပေး လျက် ကျွေး မွေး သော မုန့် ညက်၊ ဆီ၊ ပျား ရည် များ ကို လည်း၊ စိတ် ပြေ ဖွယ် ရ နံ့ အ ဖြစ် တင် သ သည် တ ကား ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊
ငါပေးသောဘောဇဉ်၊ သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင်စရာဖို့ တင်ထားလေပြီတကား။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
အကျွန်ုပ်တို့ငယ်ရွယ်စဉ်ကပင် ရှက်ကြောက်ဖွယ်ဘုရားများက အကျွန်ုပ်တို့ဘိုးဘေးတို့၏သိုးနွားများ၊ သားသမီးများ စသည့် ဘိုးဘေးတို့၏စည်းစိမ်ဥစ္စာကို ဝါးမျိုလေပြီ။
ဤသို့ဖြင့် သင်သည် ရွှေငွေကို ဆင်ယင်ရ၏။ ပိတ်ချောထည်၊ ပိုးထည်၊ ဇာပန်းထိုးထည်တို့ကို ဝတ်ဆင်ရ၏။ အကောင်းဆုံးဂျုံမှုန့်၊ ပျားရည်၊ သံလွင်ဆီတို့ကိုစားသုံးရ၏။ သင်သည် လှသွေးကြွယ်ပြီး ဘုရင်မတစ်ဆူသဖွယ် ဖြစ်လာ၏။
ဇာပန်းထိုးထားသော သင်၏အဝတ်ကိုယူပြီး ထိုရုပ်တုတို့အား ခြုံပေး၏။ ငါ၏သံလွင်ဆီနှင့် နံ့သာပေါင်းတို့ကိုလည်း သူတို့ရှေ့၌ပူဇော်၏။
သူတို့၏လှပသောအဆင်တန်ဆာများကြောင့် မာနထောင်လွှားတတ်ကြ၏။ ထိုတန်ဆာများဖြင့် စက်ဆုပ်ရွံရှာဖွယ်ရုပ်တုများကို ထုလုပ်တတ်ကြ၏။ ထို့ကြောင့် ငါသည် ထိုတန်ဆာတို့ကို ညစ်ညူးသောအရာကဲ့သို့ ဖြစ်စေမည်။