ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ယေဇကျေလ 14:20 - မြန်မာ့စံမီသမ္မာကျမ်း ငါအသက်ရှင်သည်နှင့်အညီ ထိုပြည်ထဲတွင် နောဧ၊ ဒံယေလ၊ ယောဘတို့ရှိလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးကို ကယ်တင်နိုင်မည်မဟုတ်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ နောဧ၊ ဒံယေလနှင့်ယောဘတို့သည်ထို အရပ်တွင်နေထိုင်လျက်ပင်ရှိကြစေကာ မူ သူတို့သည်မိမိတို့၏သားသမီးများ ကိုကယ်နိုင်ကြလိမ့်မည်မဟုတ်။ မိမိတို့ အသက်ကိုသာလျှင်ချမ်းသာရာရစေ နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အ သက် တော် ကို တိုင် တည်၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ နော ဧ၊ ဒံ ယေ လ၊ ယော ဘ တို့ နေ ထိုင် လျက် ရှိ သော် လည်း၊ သား သ မီး များ ကို ပင် ကယ် လွှတ် ခွင့် မ ရ ဘဲ၊ ကိုယ့် ဖြောင့် မတ် ခြင်း အား ဖြင့်၊ ကိုယ့် အ သက် သာ လွတ် ခွင့် ရ ကြ မည်။ Judson Bible နောဧ၊ ဒံယေလ၊ ယောဘတို့ရှိသော်လည်း၊ ငါ အသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
ထိုပြည်တွင် နောဧ၊ ဒံယေလ၊ ယောဘ စသော ပုဂ္ဂိုလ်သုံးဦးရှိနေလျှင်လည်း သူတို့ဖြောင့်မတ်ခြင်းကြောင့် သူတို့ကိုယ်ကိုသာသူတို့ ကယ်တင်နိုင်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအသက်ရှင်သည်နှင့်အညီ ထိုပုဂ္ဂိုလ်သုံးဦးသည် ထိုပြည်၌ရှိနေလျှင်လည်း သူတို့ကိုယ်ကိုသာ သူတို့ကယ်တင်နိုင်မည်။ သူတို့သားသမီးများကို ကယ်တင်နိုင်မည်မဟုတ်။ ပြည်သည်လည်း လူသူကင်းမဲ့ရာဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
“သို့မဟုတ် ထိုပြည်ထဲသို့ ကပ်ရောဂါဘေး ကျရောက်စေမည်။ ငါ့အမျက်သွေးကြွေးကို သွန်ချ၍ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်ဆိုပါစို့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
သူကျူးလွန်ခဲ့သောအပြစ်များကို မှတ်ထားမည်မဟုတ်။ ဖြောင့်မတ်စွာပြုကျင့်သောကြောင့် သူသည် အသက်ချမ်းသာရာရမည်။
အကယ်၍ ဆိုးယုတ်သောသူကို သင်သတိပေးသော်လည်း သူသည် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်မလှည့်လျှင် သူ့အပြစ်အတွက် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရလိမ့်မည်။
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
မည်သည့်လူမျိုးမဆို ကိုယ်တော်ကိုကြောက်ရွံ့လျက် ဖြောင့်မတ်စွာပြုကျင့်လျှင် နှစ်သက်လက်ခံတော်မူကြောင်း ငါအမှန်ပင်သဘောပေါက်ပြီ။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
ဖြောင့်မတ်ခြင်းတရားကိုမကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်နှင့်မစပ်ဆိုင်။ မိမိညီအစ်ကိုကိုမချစ်သောသူသည်လည်း ဘုရားသခင်နှင့်မစပ်ဆိုင်။ ဤသို့သောအားဖြင့် ဘုရားသခင်၏သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြားသိရှိနိုင်၏။
သားသမီးတို့၊ သင်တို့ကို မည်သူမျှ မလှည့်ဖြားစေနှင့်။ ကိုယ်တော်သည် ဖြောင့်မတ်တော်မူသည့်နည်းတူ ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူသည် ဖြောင့်မတ်၏။