ယေဇကျေလ 14:19 - မြန်မာ့စံမီသမ္မာကျမ်း19 “သို့မဟုတ် ထိုပြည်ထဲသို့ ကပ်ရောဂါဘေး ကျရောက်စေမည်။ ငါ့အမျက်သွေးကြွေးကို သွန်ချ၍ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်ဆိုပါစို့။ အခန်းကိုကြည့်ပါ။Common Language Bible19 ``ငါသည်ထိုပြည်အား အနာရောဂါကပ် ဆိုက်စေလျက်အမျက်တော်အားဖြင့် မြောက် မြားစွာရှိသောလူနှင့်တိရစ္ဆာန်တို့ကိုသေ ကြေပျက်စီးစေလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible19 ထို ပြည် မှ၊ လူ သူ တိ ရ စ္ဆာန် ကို ပယ် ရှား ရန်၊ အ မျက် တော် ကို သွန်း လောင်း လျက်၊ ကပ် ရော ဂါ ဘေး၊ သွေး သွန်း ဘေး၊ သင့် စေ ရာ၌၊ အခန်းကိုကြည့်ပါ။Judson Bible19 သို့မဟုတ်၊ ထိုပြည်၌ ကာလနာကို ငါစေလွှတ်သောကြောင့်၊ လူနှင့် တိရစ္ဆာန်၏အသက်ကို သတ်ဖြတ်ပယ်ရှင်းခြင်းငှာ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းလျှင်၊ အခန်းကိုကြည့်ပါ။ |
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့က ‘အကျွန်ုပ်တို့သည် ဓားဘေး၊ အပြစ်ဒဏ်ဘေး၊ ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး စသည့်ဘေးအန္တရာယ်တို့နှင့် ကြုံရလျှင် ဤအိမ်တော်၌နာမတော်တည်သောကြောင့် ဤအိမ်တော်ရှေ့၊ ကိုယ်တော့်ရှေ့တွင် ရပ်လျက် အကျွန်ုပ်တို့ကြုံရသောဆင်းရဲဒုက္ခအတွက် ကိုယ်တော့်ထံအော်ဟစ်သောအခါ ကိုယ်တော်သည် နားညောင်း၍ ကယ်မတော်မူမည်’ဟု ဆိုကြပါ၏။
ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ခုနစ်နှစ် ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူလိုက်သဖြင့် အရှင်မင်းကြီးကို သုံးလပတ်လုံးထွက်ပြေးစေရမည်လော။ သို့မဟုတ် တိုင်းပြည်တွင် သုံးရက်ပတ်လုံးကပ်ရောဂါဘေး ကျရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်၏။