သူ့အနားရှိ အမ္မုန်လူမျိုးတောဘိကလည်း “သူတို့တည်ဆောက်နေသောကျောက်မြို့ရိုးသည် မြေခွေးခုန်တက်ရုံမျှနှင့်ပင် ပြိုသွားလိမ့်မည်”ဟု ဆို၏။
ယေဇကျေလ 13:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ မြို့ရိုးနှင့် မြို့ရိုးကိုထုံးဖြူသုတ်သောသူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားမည်။ ထို့နောက် မြို့ရိုးမရှိ၊ ထုံးဖြူသုတ်သောသူတို့လည်း မရှိ၊ Common Language Bible ``မြို့ရိုးနှင့်တကွယင်းကိုထုံးသုတ်ပေး ကြသူတို့သည် ငါ၏အမျက်တော်ဒဏ်ကို ခံရကြလိမ့်မည်။ ထိုအခါမြို့ရိုးကား ပြိုပျက်လေပြီ။ ယင်းကိုထုံးသုတ်ပေးကြ သူများနှင့်ယေရုရှလင်မြို့တွင်အစစ အရာရာအေးငြိမ်းမှုမရှိဘဲ အေးငြိမ်း သောရူပါရုံကိုမြင်ပါသည်ဟုဆိုကြ သောပရောဖက်များသည် မြို့ရိုးများနည်း တူပျက်စီးဆုံးပါးကြပြီ'' ဟုသင်တို့ အားငါပြောမည်ဟူ၍ဖြစ်၏။ ဤကား ထာဝရဘုရားမိန့်မြွက်တော်မူသော စကားဖြစ်သတည်း။ Garrad Bible သို့ မှ၊ နံ ရံ နှင့် တ ကွ၊ ထုံး သုတ် သူ တို့ အ ပေါ်၌ အ မျက် တော် ငြိမ်း ပြီး လျှင်၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ မ ချမ်း သာ သည့် ကာ လ၊ ချမ်း သာ ရာ ရူ ပါ ရုံ များ ကို မြင် လေ ဟန် ဟော ပြော သူ၊ ဣ သ ရေ လ လူ မျိုး ပ ရော ဖက် တည်း ဟူ သော ထုံး သုတ် သူ တို့ သည်၊ နံ ရံ ပါ ပ ပျောက် ပြီး ဖြစ် ကြောင်း၊ သင် တို့ အား ဆုံး မ မည် ဟု ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို၏။ Judson Bible ထိုသို့ အုတ်ရိုး၌လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌လည်းကောင်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုးမရှိ ဟူ၍လည်းကောင်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊ |
သူ့အနားရှိ အမ္မုန်လူမျိုးတောဘိကလည်း “သူတို့တည်ဆောက်နေသောကျောက်မြို့ရိုးသည် မြေခွေးခုန်တက်ရုံမျှနှင့်ပင် ပြိုသွားလိမ့်မည်”ဟု ဆို၏။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
သင်တို့သည် မည်မျှကြာအောင် လူကိုပြင်းထန်စွာတိုက်ခိုက်ကြမည်နည်း။ သင်တို့အားလုံးသည် တိမ်းစောင်းနေသောနံရံနှင့် လှုပ်နဲ့နေသောခြံစည်းရိုးကဲ့သို့သောသူကို သတ်ဖြတ်ကြမည်လော။
ထို့နောက်တွင် မိခင်သည် သူ့ကိုဝှက်မထားနိုင်တော့သဖြင့် ကျူရိုးဖြင့်ရက်လုပ်ထားသောဖာတောင်းကိုယူ၍ ကတ္တရာစေးနှင့်သစ်စေးတို့ဖြင့် သုတ်လိမ်းပြီးလျှင် သူငယ်ကို ထိုဖာတောင်းထဲ၌ထည့်ပြီး နိုင်းမြစ်ကမ်းစပ်တွင်ရှိသော ကျူတောထဲ၌ထားလေ၏။
ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက ထိုပရောဖက်တို့သည် ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် ‘ဤပြည်၌ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးမရှိ’ဟု ပရောဖက်ပြုဟောပြောကြသောကြောင့် သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဆုံးစေမည်။
သင်တို့ထုံးဖြူသုတ်ခဲ့သောမြို့ရိုးကို မြေတိုင်အောင် ဖြိုချမည်။ အုတ်မြစ်ကို လှန်ပစ်မည်။ ထိုပြိုကျသွားသောမြို့ရိုးနှင့်အတူ သင်တို့ပါ ပျက်စီးသွားမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ငြိမ်းချမ်းမှုမရှိသော်လည်း ငြိမ်းချမ်းသည်ဟု ဗျာဒိတ်နိမိတ်မြင်၍ ဂျေရုဆလင်မြို့သားတို့အားဟောပြောသော အစ္စရေးပရောဖက်များလည်း မရှိတော့ပြီဟူ၍ သင်တို့အား ငါဆိုမည်’ဟု မိန့်တော်မူ၏။