သူတို့မျက်စိရှေ့တွင်ပင် နံရံကိုဖောက်ပြီး သင့်အထုပ်ကို ထုတ်သွားလော့။
သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။-
မျက် မှောက် တွင် ပင်၊ မြို့ ရိုး ကို ထုတ် ချင်း ပေါက် ထွင်း လျက်၊ ပ ရိ က္ခ ရာ များ ကို ထုတ် သွား လော့။
သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာပရိကံများကို ထုတ်သွားလော့။
နောက်ဆုံး၌ မြို့ရိုးကျိုးပေါက်သွားပြီး ခါလဒဲစစ်သည်တို့က မြို့ကိုဝိုင်းရံထားကြသော်လည်း ရှင်ဘုရင်နှင့်တကွ စစ်သူရဲအပေါင်းတို့သည် ညအချိန်တွင် ဘုရင့်ဥယျာဉ်တော်အနီး မြို့ရိုးနှစ်ခုကြားရှိတံခါးမှထွက်၍ အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
သူခိုးတို့သည် မှောင်ရိပ်ခိုပြီး အိမ်ကိုဖောက်ထွင်း၏။ နေ့အချိန်တွင်မူကား အလင်းကိုရှောင်၍ အိမ်ထဲတွင် ပုန်းအောင်းနေ၏။
သုံ့ပန်းအထုပ်အပိုးကဲ့သို့ သင်ပြင်ဆင်ထားသောအထုပ်အပိုးများကို နေ့အချိန်၌ သူတို့၏မျက်စိရှေ့တွင်ပင် ထုတ်သွားလော့။ နေဝင်ချိန်၌ သူတို့၏မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။
သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။