ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ဤဗျာဒိတ်စကားသည် ဂျေရုဆလင်မြို့ကိုအုပ်စိုးသောမင်းမှစ၍ ထိုမြို့ရှိအစ္စရေးတစ်မျိုးနွယ်လုံးနှင့်ဆိုင်၏။
သူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်ဆိုတော်မူသည်ကိုဆင့်ဆိုလော့။ ဤ မိန့်ဆိုချက်သည်ယေရုရှလင်မြို့ကိုအုပ် စိုးလျက်ရှိသောမင်းနှင့်ထိုမြို့ရှိလူတို့ အတွက်ဖြစ်၏။-
သင် က လည်း၊ ထို တင် ဝန် သည်၊ ယေ ရု ရှ လင် မြို့ ရှိ မင်း မှ စ၍၊ အ ပေါင်း ပါ ဣ သ ရေ လ အ မျိုး သား တို့ နှင့် စပ် ဆိုင် ကြောင်း၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ လည်း ကောင်း၊
အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရသောမင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသားအပေါင်းတို့နှင့် ဆိုင်ပေ၏။
ယေဟုကလည်း မိမိတပ်မှူးဗိဒကအား “သူ့ကို မ၍ ယေဇရေလမြို့သားနာဗုတ်၏မြေကွက်တွင် ပစ်ချလော့။ သင်နှင့်အကျွန်ုပ် သူ့ခမည်းတော်အာဟပ်မင်းကြီးနောက်မှ ရထားလိုက်စီးစဉ်က သူနှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူခဲ့သည့်ဤဗျာဒိတ်စကားကို မှတ်မိသလော။
ဘေဘီလုံမြို့နှင့်ပတ်သက်၍ အာမုတ်၏သား ဟေရှာယမြင်ရသောဗျာဒိတ်တော်။
အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ဤဗျာဒိတ်တော် ရောက်လာ၏။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
ထာဝရဘုရားက ‘ငါသည် ယုဒဘုရင်ဇေဒကိမှစ၍ သူ၏မှူးမတ်များနှင့် ဤပြည်၌ကျန်ရစ်သော ဂျေရုဆလင်မြို့သူမြို့သားများ၊ အီဂျစ်ပြည်သို့ပြောင်းရွှေ့နေထိုင်သောသူများကို စား၍မရအောင်ပုပ်နေသောသဖန်းသီးကဲ့သို့ ဖြစ်စေမည်။
ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
ဓားကို ဓားအိမ်သို့ ပြန်သွင်းလော့။ စင်စစ် သင်မွေးဖွားရာသင့်ဇာတိမြေတွင်ပင် သင့်ကို ငါစီရင်မည်။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
မာလခိအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်တော်မူသောဗျာဒိတ်စကား။