ထို့ပြင် ဧသတာသည် ရှင်ဘုရင်၏ခြေရင်းတွင် ပျပ်ဝပ်လျက် ဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းပစ်ရန် အာဂတ်လူမျိုး လူယုတ်မာဟာမန် ကြံစည်သောအကြံအစည်ကို ဖယ်ရှားပေးပါမည့်အကြောင်း ငိုကြွေးလျက် အသနားခံလျှောက်ထားလေ၏။
ယေဇကျေလ 11:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါ့အား “အချင်းလူသား၊ ဤလူတို့သည် မကောင်းသောအကြံကိုကြံစည်သောသူများ၊ ဤမြို့သားတို့ကို မကောင်းသောအကြံဉာဏ်ပေးသောသူများဖြစ်၏။ Common Language Bible ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဤမြို့၌မကောင်းသောအကြံကိုပေးကြ သူလူယုတ်မာများကားဤသူတို့ပင် ဖြစ်၏။- Garrad Bible အ ချင်း လူ့ သား၊ ဤ သူ တို့ ကား၊ ဒု စ ရိုက် ကို ကြံ စည် သူ၊ အ ဆိုး အ သွမ်း တိုင် ပင် သူ၊ Judson Bible ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤသူတို့သည် မကောင်းသောအကြံကိုကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။ |
ထို့ပြင် ဧသတာသည် ရှင်ဘုရင်၏ခြေရင်းတွင် ပျပ်ဝပ်လျက် ဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းပစ်ရန် အာဂတ်လူမျိုး လူယုတ်မာဟာမန် ကြံစည်သောအကြံအစည်ကို ဖယ်ရှားပေးပါမည့်အကြောင်း ငိုကြွေးလျက် အသနားခံလျှောက်ထားလေ၏။
သူသည် မိမိအိပ်ရာပေါ်၌ပင် အပြစ်ဒုစရိုက်ကိုကြံစည်တတ်၏။ မကောင်းသောလမ်းသို့အမြဲလိုက်၍ မကောင်းမှုကို စွန့်ပယ်ခြင်းမရှိ။”
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။
အို လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူ၊ သင်၏လျှာသည် ထက်သောသင်တုန်းဓားကဲ့သို့ ပျက်စီးခြင်းဘေးများကို ကြံစည်တတ်၏။
ထာဝရဘုရားက “ဆန့်ကျင်ပုန်ကန်သောသားသမီးတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့အကြံအစည်မဟုတ်သော အကြံအစည်ကိုကြံစည်ကြ၏။ ငါ၏ဝိညာဉ်တော်အားဖြင့်မဟုတ်ဘဲ သူတို့သဘောအတိုင်း မဟာမိတ်ဖွဲ့ကြ၏။ ဤသို့ဖြင့် အပြစ်တစ်ခုပြီးတစ်ခုထပ်ဆင့်ပြုကြ၏။
တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ထာဝရဘုရား၏တရားလမ်း၊ ဘုရားသခင်၏စီရင်ထုံးဖွဲ့ချက်တို့ကိုသိသော လူကြီးတို့ကို ငါသွားပြောမည်”ဟု ဆို၏။ သို့သော် သူတို့သည်လည်း အတူတကွထမ်းပိုးကိုချိုး၍ အချည်အနှောင်များကိုဖြတ်ကြပြီ။
ဘေးဒုက္ခ တစ်ခုပြီးတစ်ခု ရောက်လာမည်။ သတင်းစကား တစ်ခုပြီးတစ်ခု ကြားရမည်။ ပရောဖက်တို့ထံမှ ဗျာဒိတ်နိမိတ်ကို မေးမြန်းသော်လည်း ရမည်မဟုတ်။ ယဇ်ပုရောဟိတ်တို့ထံမှ တရားတော်၊ သက်ကြီးဝါကြီးတို့ထံမှ အကြံဉာဏ်တို့သည်လည်း ပျောက်ဆုံးလိမ့်မည်။
ထာဝရဘုရားကို ဆန့်ကျင်ကြံစည်သူ၊ ဆိုးဝါးယုတ်ညံ့သောအကြံကို ပေးသူတစ်ဦး သင့်အထဲမှ ပေါ်လာလိမ့်မည်။