ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
ယေဇကျေလ 10:17 - မြန်မာ့စံမီသမ္မာကျမ်း သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သူတို့ရပ်သောအခါ ဘီးတို့လည်း ရပ်ကြ၏။ သူတို့ကြွသောအခါ ဘီးတို့လည်း ကြွကြ၏။ Common Language Bible ထိုသတ္တဝါတို့ရပ်ကြသောအခါဘီးတို့ သည်လည်းရပ်၏။ သတ္တဝါတို့ပျံသန်းကြ သောအခါဘီးတို့သည်လည်းလိုက်၍သွား ကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသတ္တဝါ များ၏ဝိညာဉ်ကဘီးတို့ကိုချုပ်ကိုင်၍ ထားသောကြောင့်ဖြစ်၏။ Garrad Bible သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည် စက် များ၌ ပါ ရှိ သော ကြောင့်၊ ခေ ရု ဗ တို့ ရပ် ကြ သော်၊ စက် များ လည်း ရပ် ခြင်း၊ တက် ကြ သော်၊ တက် ခြင်း ပြု ရ၏။ Judson Bible သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါ၏ ဝိညာဉ်သည်ဘီးတို့၌ရှိ၏။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုပုံဖော်ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းတော်မူရာ လူသည် သက်ရှိသတ္တဝါဖြစ်လာ၏။
သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။
ထိုမီးတောက်မီးလျှံအလယ်တွင်လည်း သတ္တဝါသဏ္ဌာန်လေးခု ပါလာ၏။ ထိုသတ္တဝါတို့၏သဏ္ဌာန်သည် လူ၏သဏ္ဌာန်နှင့်တူ၏။
ထိုသို့ ခေရုဗိမ်တို့ သွားသောအခါ ဘီးတို့သည်လည်း သူတို့၏ဘေးမှ လိုက်ကြ၏။ ခေရုဗိမ်တို့အတောင်ပံဖြန့်၍ မြေမှကြွသောအခါ ဘီးတို့သည်လည်း ထက်ကြပ်မကွာလိုက်ကြ၏။
သတ္တဝါတို့၏အတောင်ပံများ တစ်ခုနှင့်တစ်ခုထိခတ်သောအသံ၊ သတ္တဝါတို့အနားရှိ ဘီးများလည်နေသောအသံကိုလည်း ငလျင်လှုပ်သံကြီးကဲ့သို့ ငါကြားရ၏။
အကြောင်းမူကား ခရစ်တော်ယေရှု၌ရှိသည့် အသက်ရှင်ခြင်း၏ဝိညာဉ်တော်နှင့်ဆိုင်သောတရားသည် အပြစ်နှင့်သေခြင်းတို့နှင့်ဆိုင်သောတရားမှ သင့်ကိုလွတ်မြောက်စေပြီဖြစ်၏။
သို့သော် သုံးရက်ခွဲလွန်ပြီးသောအခါ ဘုရားသခင်ထံတော်မှဇီဝအသက်သည် ထိုသူတို့အထဲသို့ဝင်၍ သူတို့သည် မိမိတို့ခြေဖြင့်မတ်တပ်ရပ်ကြ၏။ ထိုသူတို့ကိုမြင်သောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။