Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 10:17 - Common Language Bible

17 ထို​သတ္တ​ဝါ​တို့​ရပ်​ကြ​သော​အ​ခါ​ဘီး​တို့ သည်​လည်း​ရပ်​၏။ သတ္တ​ဝါ​တို့​ပျံ​သန်း​ကြ သော​အ​ခါ​ဘီး​တို့​သည်​လည်း​လိုက်​၍​သွား ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သတ္တ​ဝါ များ​၏​ဝိ​ညာဉ်​က​ဘီး​တို့​ကို​ချုပ်​ကိုင်​၍ ထား​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည် စက် များ၌ ပါ ရှိ သော ကြောင့်၊ ခေ ရု ဗ တို့ ရပ် ကြ သော်၊ စက် များ လည်း ရပ် ခြင်း၊ တက် ကြ သော်၊ တက် ခြင်း ပြု ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည်​ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း ထက်​ကြပ်​လိုက်၍ တက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ၏ ဝိ​ညာဉ်​သည်​ဘီး​တို့၌​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သူ​တို့​ရပ်​သောအခါ ဘီး​တို့​လည်း ရပ်​ကြ​၏​။ သူ​တို့​ကြွ​သောအခါ ဘီး​တို့​လည်း ကြွ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 10:17
8 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ဖြင့်​လူ​ကို​ဖန်​ဆင်း​ပြီး​လျှင် လူ​၏​နှာ​ခေါင်း ထဲ​သို့​ဇီ​ဝ​အ​သက်​ကို​မှုတ်​သွင်း​တော်​မူ​ရာ လူ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ ၏။


သူ​တို့​အား​လုံး​ပင်​အ​ရပ်​လေး​မျက်​နှာ​သို့​မျက်​နှာ​ပြု​လျက်​နေ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​စု​လိုက်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​မ​လှည့်​ဘဲ​သွား​နိုင်​ကြ​၏။


မီး​တောက်​၏​အ​လယ်​ဗ​ဟို​တွင် သတ္တ​ဝါ​လေး​ဦး​နှင့်​တူ​သော​ပုံ​သဏ္ဌာန်​များ​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည်​လူ​၏​အ​သွင်​ကို​ဆောင်​၏။-


သတ္တ​ဝါ​တို့​လှုပ်​ရှား​သော​အ​ခါ​သူ​တို့​အ​နီး ရှိ​ဘီး​တို့​သည်​လည်း​လှုပ်​ရှား​ကြ​၏။ သူ​တို့ ပျံ​ရန်​အ​တောင်​ကို​ဖြန့်​ကြ​သော​အ​ခါ ဘီး တို့​သည်​လည်း​လိုက်​၍​သွား​ကြ​၏။-


သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-


ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ