ခေရုဗိမ်တို့ ကြွတက်သွားကြ၏။ ထိုခေရုဗိမ်တို့သည် ခေဗာမြစ်နားတွင် ငါတွေ့ခဲ့သောသတ္တဝါများပင် ဖြစ်၏။
ယေဇကျေလ 10:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ခေရုဗိမ်တို့ သွားသောအခါ ဘီးတို့သည်လည်း သူတို့၏ဘေးမှ လိုက်ကြ၏။ ခေရုဗိမ်တို့အတောင်ပံဖြန့်၍ မြေမှကြွသောအခါ ဘီးတို့သည်လည်း ထက်ကြပ်မကွာလိုက်ကြ၏။ Common Language Bible သတ္တဝါတို့လှုပ်ရှားသောအခါသူတို့အနီး ရှိဘီးတို့သည်လည်းလှုပ်ရှားကြ၏။ သူတို့ ပျံရန်အတောင်ကိုဖြန့်ကြသောအခါ ဘီး တို့သည်လည်းလိုက်၍သွားကြ၏။- Garrad Bible ခေ ရု ဗ တို့ သွား ကြ သော်၊ စက် များ လည်း အ နီး၌ သွား ရ၏။ ခေ ရု ဗ တို့ သည် မြေ ပေါ် မှ တက် ရန် အ တောင် ဖြန့် ကြ သော်၊ စက် များ လည်း မ လှည့် ဘဲ ထက် ကြပ် လိုက် ရ၏။ Judson Bible ခေရုဗိမ်တို့သည် သွားသောအခါ ဘီးတို့သည် ထက်ကြပ်လိုက်ကြ၏။ ခေရုဗိမ်တို့သည် မြေကြီးမှတက်အံ့သောငှာ အတောင်တို့ကို ဖြန့်သောအခါ၊ ဘီးတို့သည် မကွာဘဲလိုက်ကြ၏။ |
ခေရုဗိမ်တို့ ကြွတက်သွားကြ၏။ ထိုခေရုဗိမ်တို့သည် ခေဗာမြစ်နားတွင် ငါတွေ့ခဲ့သောသတ္တဝါများပင် ဖြစ်၏။
သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သူတို့ရပ်သောအခါ ဘီးတို့လည်း ရပ်ကြ၏။ သူတို့ကြွသောအခါ ဘီးတို့လည်း ကြွကြ၏။
သတ္တဝါတို့၏အတောင်ပံများ တစ်ခုနှင့်တစ်ခုထိခတ်သောအသံ၊ သတ္တဝါတို့အနားရှိ ဘီးများလည်နေသောအသံကိုလည်း ငလျင်လှုပ်သံကြီးကဲ့သို့ ငါကြားရ၏။