သူတို့ဦးခေါင်းအထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် နီလာကျောက်အဆင်းအရောင်နှင့်တူသည့် ရာဇပလ္လင်ကဲ့သို့ သဏ္ဌာန်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင် လူနှင့်တူသော သဏ္ဌာန်တစ်ခုရှိ၏။
ယေဇကျေလ 1:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုမီးတောက်မီးလျှံအလယ်တွင်လည်း သတ္တဝါသဏ္ဌာန်လေးခု ပါလာ၏။ ထိုသတ္တဝါတို့၏သဏ္ဌာန်သည် လူ၏သဏ္ဌာန်နှင့်တူ၏။ Common Language Bible မီးတောက်၏အလယ်ဗဟိုတွင် သတ္တဝါလေးဦးနှင့်တူသောပုံသဏ္ဌာန်များကိုငါမြင်ရ၏။ သူတို့သည်လူ၏အသွင်ကိုဆောင်၏။- Garrad Bible အ တွင်း မှ ပေါ် လာ သော သ တ္တ ဝါ လေး ပါး အ သွင် ကိုလည်း ကောင်း၊ မြင် ရ၏။ သဏ္ဌာန် ကား၊ လူ့ အ သွင် ရှိ၏။ Judson Bible ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ပုံသဏ္ဌာန်ကိုဆောင်၍၊ |
သူတို့ဦးခေါင်းအထက်ရှိ မျက်နှာပြင်ကြီးပေါ်တွင် နီလာကျောက်အဆင်းအရောင်နှင့်တူသည့် ရာဇပလ္လင်ကဲ့သို့ သဏ္ဌာန်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင် လူနှင့်တူသော သဏ္ဌာန်တစ်ခုရှိ၏။
ခေရုဗိမ်တို့ ကြွတက်သွားကြ၏။ ထိုခေရုဗိမ်တို့သည် ခေဗာမြစ်နားတွင် ငါတွေ့ခဲ့သောသတ္တဝါများပင် ဖြစ်၏။
သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သူတို့ရပ်သောအခါ ဘီးတို့လည်း ရပ်ကြ၏။ သူတို့ကြွသောအခါ ဘီးတို့လည်း ကြွကြ၏။
ဤသည်ကား ခေဗာမြစ်နား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်အောက်တွင် ငါတွေ့ရသောသတ္တဝါများဖြစ်၏။ သူတို့သည် ခေရုဗိမ်များပင်ဖြစ်သည်ကို ငါသိ၏။
ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။