ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။
ယေဇကျေလ 1:16 - မြန်မာ့စံမီသမ္မာကျမ်း ဘီးတို့သည် ကျောက်မျက်ရွဲဖြင့် ထုလုပ်ထားသည်နှင့်တူ၏။ ကျောက်မျက်ရွဲအဆင်းအရောင်ကဲ့သို့တောက်ပ၏။ ဘီးလေးခုတို့မှာ တစ်ပုံစံတည်းဖြစ်၍ ပြုလုပ်ထားသည့်ပုံစံမှာ ဘီးတစ်ခုတွင် နောက်ဘီးတစ်ခုကို ကန့်လန့်ဖြတ်ထည့်ထားသည့်ပုံစံမျိုး ဖြစ်၏။ Common Language Bible ထိုဘီးအားလုံးသည်ကျောက်မျက်ရတနာကဲ့သို့ တောက်ပလျက်တစ်ခုနှင့်တစ်ခုတူကြ၏။ ဘီးတိုင်းတွင်အလယ်မှထောင့်မှန်ကန့်လန့်ဖြတ်၍နေသောဘီးတစ်ခုရှိ၏။- Garrad Bible ၎င်း စက် များ ၏ အ ဆင်း နှင့် ပုံ သဏ္ဌာန် ကား၊ ဥဿ ဖ ယား အ ရောင် နှင့် တူ လျက်၊ တစ် သဏ္ဌာန် တည်း ရှိ လျက်၊ တစ် စက် အ တွင်း တွင် တစ် စက် ပါ သော အ သွင် နှင့် ပုံ ရှိ ၏။ Judson Bible ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဌာန်မူကား၊ ဘီးတစ်ခုအထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ဖြစ်၏။ |
ဘီးများကို ရထားဘီးကဲ့သို့ သွန်းလုပ်ထား၏။ ဝင်ရိုးတံများ၊ ဘီးခွေများ၊ ထောက်တိုင်များ၊ ဝင်ရိုးအုံများအားလုံးကို ကြေးနီနှင့်သွန်းလုပ်ထား၏။
စူးစမ်း၍မကုန်နိုင်သည့် ကြီးမြတ်သောအမှုများ၊ ရေတွက်၍မကုန်နိုင်သည့် အံ့ဖွယ်သောအမှုများကို ပြုတော်မူ၏။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။
သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။
ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။
ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
ဤသည်ကား ငါတို့၏သခင်ခရစ်တော်ယေရှု၌ ပြီးပြည့်စုံသောထာဝရအကြံအစည်တော်နှင့်အညီ အထက်ကောင်းကင်အရပ်၌ရှိသော အာဏာစက်များနှင့်အုပ်ချုပ်မှုများအား ယခုအခါတွင် အသင်းတော်အားဖြင့် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို သိစေရန်ဖြစ်၏။