ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
ယေဇကျေလ 1:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတ္တဝါတို့ သွားသောအခါ လျှပ်စီးလက်သကဲ့သို့ လှစ်ကနဲလှစ်ကနဲ ဖြစ်၏။ Common Language Bible သတ္တဝါများကိုယ်တိုင်ပင်လျှင်လျှပ်စစ်သဖွယ် လျင်မြန်စွာသွားလာကြ၏။ Garrad Bible ထို သ တ္တ ဝါ တို့ လည်း၊ လျှပ် စစ် သဏ္ဌာန် ခေါက် ပြန် သွား လာ ကြ၏။ Judson Bible သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက် ရှိကြ၏။ |
ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
ထိုသို့ ငါမြွက်ဆိုဆုတောင်းနေစဉ် ယခင် ဗျာဒိတ်နိမိတ်တွင် ငါတွေ့မြင်ခဲ့ရသော ဂါဗြေလသည် အလျင်အမြန်ပျံသန်းလာ၍ ညနေပူဇော်သက္ကာအချိန်တွင် ငါ့ထံရောက်လာ၏။
သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။
အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။
ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
ထို့နောက် လူ့သားသည် ကောင်းကင်တမန်တို့ကိုစေလွှတ်၍ မိမိရွေးကောက်ထားသောသူတို့ကို ကမ္ဘာမြေကြီးအစွန်းမှ မိုးကောင်းကင်အစွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းလိမ့်မည်။
အကြောင်းမူကား လျှပ်စီးသည်လက်၍ မိုးကောင်းကင်တစ်ဖက်မှ မိုးကောင်းကင်အခြားတစ်ဖက်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သားသည် မိမိနေ့ရက်၌ ထိုနည်းတူဖြစ်လိမ့်မည်။