သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။
ယေဇကျေလ 1:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။ Common Language Bible သူတို့အားလုံးပင်အရပ်လေးမျက်နှာသို့မျက်နှာပြုလျက်နေကြ၏။ သို့ဖြစ်၍သူတို့သည်အစုလိုက်မိမိတို့လိုရာအရပ်သို့မလှည့်ဘဲသွားနိုင်ကြ၏။ Garrad Bible သွား လာ ရာ၌ မ လှည့် ဘဲ မျက် နှာ မူ ရာ သို့ ဝိ ညာဉ် သွား လို သည့် အ တိုင်း သွား ကြ၏။ Judson Bible ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏။ သွားသောအခါတစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။ |
သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။
အတောင်ပံတို့သည် တစ်ခုနှင့်တစ်ခု ထိစပ်လျက်ရှိ၏။ ထိုသတ္တဝါလေးပါးတို့သည် သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မလှည့်ဘဲ မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။
မျက်နှာပုံသဏ္ဌာန်မှာလည်း ခေဗာမြစ်နား၌တွေ့ခဲ့သော မျက်နှာပုံသဏ္ဌာန်နှင့်တူ၏။ မိမိတို့မျက်နှာမူရာတည့်တည့်သို့သာသွားတတ်ကြ၏။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။