ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ယောလ 3:7 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ရောင်းစားရာအရပ်မှ သူတို့ကို လွတ်မြောက်စေမည်။ သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။ Common Language Bible သူတို့အားသင်တို့ရောင်းစားခဲ့သောနေရာ မှငါပြန်လည်ခေါ်ဆောင်မည်။ သူတို့အား သင်တို့ပြုခဲ့ကြသည့်အတိုင်းသင်တို့ အားယခုငါပြုမည်။- Garrad Bible ရောင်း လိုက် သော အ ရပ် မှ၊ ထို ယု ဒ အ မျိုး သား တို့ ကို ငါ ဆော် ဩ ပြီး လျှင်။ သူ တို့ လက် တွင်း သို့ ငါ ရောင့် ချ မည့် သင် တို့ သား သ မီး များ ကို၊ ဝေး ကွာ စွာ နေ သော ရှေ ဘ လူ မျိုး တို့ အား တ ဆင့် ရောင်း ချ ရ ခြင်း နှင့်။ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း။ သင် တို့ အ ပြု အ မူ ကို၊ ကိုယ့် ထိပ် ပေါ် တွင် တုံ့ ပြန် လိမ့် မည်။ Judson Bible သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည်ထမြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။ |
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
လူမျိုးအပေါင်းတို့အတွက် အချက်ပြအလံလွှင့်ထူတော်မူမည်။ နှင်ထုတ်ခြင်းခံရသောအစ္စရေးလူမျိုးတို့ကို ပြန်စုဝေးစေတော်မူမည်။ ကွဲလွင့်နေသောယုဒအမျိုးတို့ကို မြေကြီးအရပ်လေးမျက်နှာမှ ခေါ်ယူစုစည်းတော်မူမည်။
ကြည့်ရှုလော့။ သူတို့သည် ရပ်ဝေးမှလာကြလိမ့်မည်။ မြောက်အရပ်၊ အနောက်အရပ်မှလည်းကောင်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
မြို့ထဲမှဆူဆူညံညံအသံ၊ ဗိမာန်တော်ထဲမှအသံသည် ရန်သူတို့အား အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်တော်မူသော ထာဝရဘုရား၏အသံပေတည်း။
‘မြောက်ဘက်အရပ်မှ၊ ငါနှင်ထုတ်၍ ရောက်လေရာအရပ်ရပ်မှ အစ္စရေးအမျိုးသား သားစဉ်မြေးဆက်တို့ကို ပြန်လည်ခေါ်ဆောင်လာသောထာဝရဘုရား အသက်ရှင်တော်မူသည်’ဟု ပြောဆိုရမည့်အချိန် ရောက်လာမည်။ သူတို့သည် နေရင်းပြည်၌ နေထိုင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၊ သင်၏အမျိုးအနွယ်ကို သုံ့ပန်းအဖြစ်နေရသောပြည်မှ ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်”ဟု မိန့်တော်မူ၏။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ငါသည် ထိုသူတို့ကို မြောက်ဘက်အရပ်မှ ခေါ်ဆောင်လာမည်။ မြေကြီးစွန်းမှ ခေါ်ယူစုစည်းမည်။ သူတို့နှင့်အတူ မျက်စိမမြင်သူ၊ ခြေမသန်သူ၊ ကိုယ်ဝန်ဆောင်သူ၊ မီးဖွားခါနီးသူပါသော လူအုပ်ကြီးသည် ဤအရပ်သို့ ပြန်လာကြလိမ့်မည်။
‘ကြည့်ရှုလော့။ ငါသည် ပြင်းစွာသောအမျက်ဒေါသဖြင့် သူတို့ကိုနှင်ထုတ်ခဲ့ရာအရပ်ရပ်တို့မှ ပြန်လည်စုဝေးစေပြီး ဤအရပ်သို့ ပြန်လာစေမည်။ ဘေးကင်းလုံခြုံစွာနေထိုင်စေမည်။
‘ငါသည် သင်တို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
အို တိုင်ရာမြို့၊ ဆီဒုန်မြို့နှင့် ဖိလိတ္တိပြည်သားအပေါင်းတို့၊ အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ကြသနည်း။ တစ်စုံတစ်ရာကြောင့် ငါ့ကိုတုံ့ပြန်ကြသလော။ သင်တို့ ငါ့ကိုတုံ့ပြန်လျှင် ငါသည်လည်း မနှေးအမြန် သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။
ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။”
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
သခင်ယေရှုသည် မီးလျှံထဲ၌ မိမိ၏တန်ခိုးကြီးသောကောင်းကင်တမန်များနှင့်အတူ မိုးကောင်းကင်မှပေါ်ထွန်းတော်မူသောအခါ သင်တို့ကို ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခကိုလည်းကောင်း၊
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည့်သူသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်၏။ ဓားဖြင့်အသေသတ်ခြင်းခံရမည့်သူသည် ဓားဖြင့်အသေသတ်ခြင်းကိုခံရမည်ဖြစ်၏။ ဤနေရာတွင် သန့်ရှင်းသူတို့၏သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းတို့ရှိကြ၏။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။