တိရစ္ဆာန်များလည်း ညည်းတွားရလေပြီ။ စားကျက်မြေ မရှိတော့သဖြင့် တိရစ္ဆာန်အုပ်များ တဝဲလည်လည်ဖြစ်ရလေပြီ။ သိုးအုပ်များလည်း ဒုက္ခရောက်လေပြီ။
ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။
မြက် မ ရှိ သည့် အ တွက်၊ နွား၊ သိုး၊ ဆိတ် မှ စ သော၊ သား ယဉ် များ သည်၊ အ စာ ငတ် လှည့် လည် လျက် မြည် တွန် ကြ သည် တ ကား။
တိရစ္ဆာန်တို့သည် အလွန်မြည်တမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။
အာဟပ်မင်းကြီးက ဩဗဒိအား “မြင်းနှင့်လားတို့အသက်ရှင်နိုင်ရန် မြက်ပင်ရလိုရငြား တိုင်းပြည်အနှံ့ရှိ စမ်းချောင်းပေါက်ရာနေရာ၊ မြစ်ချောင်းစီးရာနေရာရှိသမျှသို့ သွားကြည့်လော့။ သို့မဟုတ်လျှင် တိရစ္ဆာန်အချို့ကို ငါတို့သတ်ပစ်ရလိမ့်မည်”ဟု ဆို၏။
ရှောလမုန်မင်းကြီးနှင့် သူ့ထံသို့စုဝေးရောက်ရှိလာသောအစ္စရေးလူထုအပေါင်းတို့သည် သေတ္တာတော်ရှေ့တွင် မရေမတွက်နိုင်အောင်များပြားလှသော သိုးနွားတို့ကို ပူဇော်ကြ၏။
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
ထို့ကြောင့် တိုင်းပြည်သည် ငိုကြွေးမြည်တမ်းလိမ့်မည်။ ပြည်သူပြည်သားများလည်း ချုံးချုံးကျကုန်လိမ့်မည်။ တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များနှင့် ပင်လယ်ငါးများပါမကျန် သေကျေကြလိမ့်မည်။
တောတိရစ္ဆာန်များလည်း ကိုယ်တော်ကိုတောင့်တကြပါ၏။ ချောင်းရေများ ခန်းခြောက်ပြီ။ မီးသည် တောကန္တာရရှိစားကျက်မြေတို့ကို ဝါးမျိုလေပြီ။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
ထို့ကြောင့် သင်တို့အဖို့ မိုးနှင်းမကျ။ မြေကြီးလည်း အသီးအနှံ မဖြစ်ထွန်း။
ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။