Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 1:18 - Common Language Bible

18 ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။ သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 မြက် မ ရှိ သည့် အ တွက်၊ နွား၊ သိုး၊ ဆိတ် မှ စ သော၊ သား ယဉ် များ သည်၊ အ စာ ငတ် လှည့် လည် လျက် မြည် တွန် ကြ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​မြည်​တမ်း​ကြ၏။ နွား​စု​တို့​သည် ကျက်​စား​ရာ​အ​ရပ်​မ​ရှိ​သော​ကြောင့် ပင်​ပန်း​ကြ၏။ သိုး​စု​တို့​သည်​လည်း သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 တိရစ္ဆာန်​များ​လည်း ညည်းတွား​ရ​လေ​ပြီ​။ စားကျက်မြေ မ​ရှိ​တော့​သဖြင့် တိရစ္ဆာန်အုပ်​များ တဝဲလည်လည်​ဖြစ်​ရ​လေ​ပြီ​။ သိုးအုပ်​များ​လည်း ဒုက္ခရောက်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 1:18
10 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​သည်​သြ​ဗ​ဒိ​အား``မြင်း​နှင့်​လား​များ မ​သေ​စေ​ခြင်း​ငှာ မြက်​တော​တွေ့​ကောင်း​တွေ့​နိုင် ရန်​တစ်​ပြည်​လုံး​ရှိ​စမ်း​ရေ​တွင်း​နှင့်​ချောင်း​များ ရှိ​ရာ​အ​ရပ်​ရပ်​သို့ ငါ​တို့​သွား​၍​ကြည့်​ရှု​ကြ ကုန်​အံ့။'' ဟု​ဆို​၏။-


ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-


ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊ လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။ `ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့် ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊ တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''


သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


စား​ကျက်​များ​မီး​သင့်​လောင်​ထား​သ​ကဲ့​သို့ စမ်း​ချောင်း​များ​သည်​လည်း​ခန်း​ခြောက်​၍​သွား​လေ​ပြီ။ ထို့​ကြောင့်​တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​အ​ထံ​တော်​သို့​ဟစ်​အော်​ကြ​ပါ​၏။


အာ​မုတ်​က၊ ``ဇိ​အုန်​တောင်​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ကြုံး​ဝါး သံ​ကို ကြား​ရ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အ​တွင်း​မှ​ထစ်​ချုန်း​လာ​သော အ​သံ​တော်​ကို​ကြား​ရ​စေ​ပြီ။ သိုး​စား​ကျက်​တို့​သည်​သွေ့​ခြောက်​ကုန်​၍ က​ရ​မေ​လ​တောင်​ပေါ်​မှ​မြက်​ပင်​တို့​သည် နွမ်း​ရ​လေ​ပြီ​ဟု​ဆို​၏။''


ဤ​အ​ကြောင်း​ကြောင့်​ပင်​လျှင်​မိုး​သည်​ခေါင် လျက် အ​ဘယ်​အ​သီး​အ​နှံ​ကို​မျှ​သင်​တို့ သည်​စိုက်​ပျိုး​၍​မ​ရ​ကြ။-


အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ