သူတို့က ယောရှုအား “အကျွန်ုပ်တို့သည် သခင်၏ကျွန်များဖြစ်ပါသည်”ဟု ဆိုသောအခါ ယောရှုကလည်း “သင်တို့သည် မည်သူတို့နည်း။ မည်သည့်အရပ်က လာကြသနည်း”ဟု ပြန်မေးလေ၏။
သူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော်၏အစေ ကိုခံပါမည်'' ဟုယောရှုအားပြန်ပြောကြ၏။ ယောရှုက``သင်တို့သည်မည်သူများဖြစ်ကြ သနည်း။ မည်သည့်အရပ်မှလာကြသနည်း'' ဟုမေးလေ၏။
သူ တို့ က၊ ကျွန် တော် တို့ သည် ကိုယ် တော့် ကျွန် မှန် ပါ၏ ဟု ယော ရှု အား လျှောက် ဆို ကြ သည့် ကာ လ၊ မည် သည့် လူ မျိုး နည်း။ မည် သည့် အ ရပ် က လာ ကြ သ နည်း ဟု ယော ရှု မေး ရာ၊
သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊
ထို့ကြောင့် နန်းတော်အုပ်၊ မြို့အုပ်၊ သက်ကြီးဝါကြီးများနှင့် အထိန်းတော်များက ယေဟုထံသို့ လူလွှတ်ကာ “အကျွန်ုပ်တို့သည် အရှင့်အစေအပါးများ ဖြစ်ကြပါ၏။ အရှင်မိန့်တော်မူသမျှ အကျွန်ုပ်တို့ ပြုပါမည်။ မည်သူ့ကိုမျှ မင်းမမြှောက်ပါ။ အရှင်အလိုရှိသည့်အတိုင်းသာ ပြုပါ”ဟု အကြောင်းပြန်လေ၏။
ထိုမြို့က ငြိမ်းချမ်းရေးကိုလက်ခံသည်ဟု တုံ့ပြန်လျှင် ထိုမြို့၌ရှိသောလူအပေါင်းတို့သည် သင်တို့စေခိုင်းသောအလုပ်ကိုဆောင်ရွက်ရသော သင်တို့၏အခိုင်းအစေဖြစ်ရမည်။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။
အကျွန်ုပ်တို့၏သက်ကြီးဝါကြီးများနှင့် ပြည်သားများက ငါတို့အား ‘လမ်းခရီးအတွက် ရိက္ခာများကို ယူ၍ သူတို့ကို သွားတွေ့လော့။ ငါတို့သည် သူတို့၏ကျွန်များဖြစ်ကြောင်း၊ ငါတို့နှင့်မိတ်ဖွဲ့ပါမည့်အကြောင်း လျှောက်ထားလော့’ဟု မှာလိုက်ပါ၏။
ယခုမှာ သင်တို့သည် ကျိန်ခြင်းကို ခံရလေပြီ။ ငါ့ဘုရားသခင်၏အိမ်တော်တွင် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် အစဉ်အမြဲအစေခံရမည်”ဟု ဆိုလေ၏။
ကြည့်ပါလော့။ ယခုမှာ အကျွန်ုပ်တို့သည် သခင့်လက်၌ရှိပါ၏။ ကောင်းမည်၊ သင့်မည်ဟု ထင်သည့်အတိုင်း ပြုပါလော့”ဟု ပြန်ပြောကြ၏။
ထိုနေ့၌ပင် သူတို့ကို ထာဝရဘုရားရွေးချယ်တော်မူသောအရပ်၌တည်သောယဇ်ပလ္လင်နှင့် အစ္စရေးလူထုအတွက် ထင်းခွေ၊ ရေခပ်သောသူများအဖြစ် ယောရှုစီရင်ပေးထား၍ ယနေ့တိုင်အောင် ထိုအမှုကို သူတို့ပြုကြ၏။