ယောရှုသည် ထိုသူတို့ကိုခေါ်၍ “သင်တို့သည် ငါတို့အနီးအနား၌နေထိုင်ကြပါလျက်နှင့် ‘သင်တို့နှင့် ဝေးကွာသောအရပ်မှ လာပါသည်’ဟု အဘယ်ကြောင့် ငါတို့ကို လှည့်စားပြောဆိုသနည်း။
ယောရှုသည်ဂိဗောင်မြို့သားတို့ကိုဆင့်ခေါ် ၍``သင်တို့သည်ငါတို့အနီးတွင်နေထိုင်ပါ လျက်နှင့် ဝေးသောအရပ်မှလာသည်ဟု အဘယ်ကြောင့်ငါတို့ကိုလှည့်စားပြောဆို ကြပါသနည်း။-
ယော ရှု လည်း ထို သူ တို့ ကို ခေါ်၍ သင် တို့ သည် ငါ တို့ ပိုင် နယ် တွင် နေ ထိုင် သူ ဖြစ် လျက် ဝေး ကွာ သော အ ရပ် မှ လာ ရောက် ကြ ပါ သည် ဟု ငါ တို့ ကို အ ဘယ် ကြောင့် လှည့် စား ကြ သ နည်း။
ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်ကလာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့်လှည့်စားကြသနည်း။
နံနက်အချိန်ရောက်သောအခါ ယာကုပ်သည် လေအာဖြစ်ကြောင်းမြင်လျှင် လာဗန်အား “အကျွန်ုပ်၌ ဦးရီးပြုသောဤအမှုကား မည်သို့နည်း။ အကျွန်ုပ်သည် ရာခေလကိုရဖို့ ဦးရီးကိုအစေခံခဲ့သည်မဟုတ်လော။ အကျွန်ုပ်ကို အဘယ်ကြောင့်လှည့်စားရသနည်း”ဟု ဆို၏။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ထိုသို့ အစ္စရေးလူမျိုးတို့သည် သူတို့နှင့်ကတိသစ္စာပြုပြီး သုံးရက်လွန်သောအခါ ထိုသူတို့သည် မိမိတို့၏အနီးအနား၌နေသောအိမ်နီးချင်းပြည်သားများဖြစ်နေသည်ကို သိရလေ၏။
ဂိဗောင်မြို့သားတို့မူကား ဂျေရိခေါမြို့နှင့်အာဣမြို့တို့ကို ယောရှုမည်သို့တိုက်ခိုက်ခဲ့သည်ကို ကြားသောအခါ
ယောရှုတပ်စခန်းချရာ ဂိလဂါလအရပ်သို့ ရောက်လာကြ၏။ ထို့နောက် ယောရှုနှင့်အစ္စရေးအမျိုးသားတို့အား “အကျွန်ုပ်တို့သည် ဝေးသောပြည်မှ လာကြပြီဖြစ်၍ အကျွန်ုပ်တို့နှင့် မိတ်ဖွဲ့ပါလော့”ဟု ဆိုကြ၏။