ယောရှု 9:6 - မြန်မာ့စံမီသမ္မာကျမ်း6 ယောရှုတပ်စခန်းချရာ ဂိလဂါလအရပ်သို့ ရောက်လာကြ၏။ ထို့နောက် ယောရှုနှင့်အစ္စရေးအမျိုးသားတို့အား “အကျွန်ုပ်တို့သည် ဝေးသောပြည်မှ လာကြပြီဖြစ်၍ အကျွန်ုပ်တို့နှင့် မိတ်ဖွဲ့ပါလော့”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible6 သံ တ မန် အ ဟန်၊ ယော ရှု တပ် ချ သော ဂိ လ ဂါ လ မြို့ သို့ ရောက် လာ သော်၊ ကျွန် တော် တို့ သည် ဝေး ကွာ သော ပြည် မှ ရောက် လာ သည် ဖြစ်၍၊ မိတ် သ ဟာ ယ ဖွဲ့ ကြ ပါ ဟု ယော ရှု နှင့် တပ် သား တို့ အား တောင်း ပန် ကြ လျှင် အခန်းကိုကြည့်ပါ။Judson Bible6 ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိတ်သဟာယဖွဲ့ခြင်းငှာ၊ ဝေးသောပြည်ကလာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။