ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
ယောရှု 8:29 - မြန်မာ့စံမီသမ္မာကျမ်း အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။ Common Language Bible အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။ Garrad Bible အာ ဣ ဘု ရင် ကို မူ ကား၊ ညဉ့် ဦး တိုင် ကား တင် ပြီး လျှင်၊ ယော ရှု အ မိန့် အ တိုင်း၊ နေ ဝင် ချိန် တွင် အ လောင်း ကို ဖြုတ်၍ မြို့ တံ ခါး ဝ၌ ချ ထား ပြီး မှ ယ နေ့ တိုင် တည် ရှိ သော ကျောက် ပုံ ကြီး ကို အ လောင်း ထက် ပုံ ထား ကြ၏။ Judson Bible အာဣမင်းကြီးကို ညဉ့်ဦးတိုင်အောင် သစ်ပင်တွင်ဆွဲထား၍၊ မိုးချုပ်သောအခါ၊ ယောရှုစီရင်သည်အတိုင်း၊ အသေကောင်ကို သစ်ပင်ကချပြီးလျှင် မြို့တံခါးဝ၌ပစ်ထား၍၊ အသေကောင်အပေါ်၌ များစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ |
ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
ကိုယ်တော်သည် မင်းအရာရှိတို့ကို မထီမဲ့မြင်ပြုခြင်းခံရစေ၍ သူတို့ကို လမ်းမရှိသော လွင်တီးခေါင်အရပ်၌ လှည့်လည်သွားလာစေတော်မူ၏။
ဘုရားရှင်သည် သင်၏လက်ယာဘက်တွင် ရှိတော်မူ၏။ ကိုယ်တော်သည် မိမိ၏အမျက်တော်နေ့၌ ရှင်ဘုရင်တို့ကို ချေမှုန်းတော်မူလိမ့်မည်။
ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။
မင်းကြီးသည် ဘုရားသခင်၏ဘုန်းတော်ကိုမချီးမွမ်းသောကြောင့် ထိုခဏချင်းတွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကို ဒဏ်ခတ်သဖြင့် သူသည် ပိုးစားခံရ၍ အနိစ္စရောက်လေ၏။
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
ထိုအခါ ဂေဇာဘုရင်ဟောရံမင်းကြီးသည် လာခိရှဘုရင်ကို စစ်ကူပေးရန် ချီလာ၏။ ယောရှုသည် ထိုဘုရင်နှင့်သူ၏စစ်သည်တို့ကို အသက်ရှင်ကျန်ရစ်သူမရှိအောင် ချေမှုန်းလေ၏။
ထို့နောက် သူ့အပေါ် ကျောက်ပုံကြီးကို ပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။ ထိုအခါ ထာဝရဘုရားသည် အမျက်ပြင်းစွာထွက်ရာမှ ပြေလေ၏။ ထို့ကြောင့် ထိုအရပ်၏အမည်ကို ယနေ့တိုင်အောင် အာခေါ်ချိုင့်ဝှမ်းဟုမှည့်ခေါ်လေ၏။