Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 8:29 - Common Language Bible

29 အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 အာ ဣ ဘု ရင် ကို မူ ကား၊ ညဉ့် ဦး တိုင် ကား တင် ပြီး လျှင်၊ ယော ရှု အ မိန့် အ တိုင်း၊ နေ ဝင် ချိန် တွင် အ လောင်း ကို ဖြုတ်၍ မြို့ တံ ခါး ဝ၌ ချ ထား ပြီး မှ ယ နေ့ တိုင် တည် ရှိ သော ကျောက် ပုံ ကြီး ကို အ လောင်း ထက် ပုံ ထား ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 အာ​ဣ​မင်း​ကြီး​ကို ညဉ့်​ဦး​တိုင်​အောင် သစ်​ပင်​တွင်​ဆွဲ​ထား၍၊ မိုး​ချုပ်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း၊ အ​သေ​ကောင်​ကို သစ်​ပင်​က​ချ​ပြီး​လျှင် မြို့​တံ​ခါး​ဝ၌​ပစ်​ထား၍၊ အ​သေ​ကောင်​အ​ပေါ်၌ များ​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 အာဣ​ဘုရင်​ကို နေဝင်​ချိန်​တိုင်အောင် သစ်ပင်​ပေါ်တွင် ချိတ်ဆွဲ​ထား​၏​။ နေဝင်​သောအခါ ယောရှု​အမိန့်​အတိုင်း လူ​တို့​သည် အလောင်း​ကို သစ်ပင်​မှ​ချ​၍ မြို့​တံခါး​ဝ​တွင်​ပစ်ထား​ပြီးလျှင် အလောင်း​ပေါ်တွင် ကျောက်​ပုံ​ကြီး​ပုံ​ထား​၏​။ ထို​ကျောက်ပုံ​သည် ယနေ့​တိုင်အောင် ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:29
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။


သို့​ဖြစ်​၍​ဟာ​မန်​သည်​မော်​ဒ​ကဲ​အ​တွက် မိ​မိ​စိုက်​ထူ​ထား​သည့်​လည်​ဆွဲ​တိုင်​၌​ပင် ကွပ်​မျက်​ခြင်း​ခံ​ရ​လေ​တော့​၏။ ထို​နောက် မှ​မင်း​ကြီး​သည်​အ​မျက်​တော်​ပြေ​သွား လေ​သည်။


ကိုယ်​တော်​သည်​ယင်း​သို့​ဖိ​စီး​နှိပ်​စက်​သူ​များ​အား စက်​ဆုပ်​ရွံ​ရှာ​၍ လမ်း​မ​ရှိ​သည့်​သဲ​ကန္တာ​ရ​တွင်​လှည့်​လည် သွား​လာ​စေ​တော်​မူ​၏။


ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။


ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-


ထို​အ​ခါ​မင်း​ကြီး​သည်​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​မ​ထောက်​သည့်​အ​တွက် ချက်​ချင်း ပင်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဒဏ်​ခတ်​သ​ဖြင့် သန်​ထိုး​၍​ကွယ်​လွန် တော်​မူ​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​နှင့်​ထို​မြို့​၏ မင်း​ကို​လည်း ဣ​သ​ရေ​လ​အမျိုး​သား​တို့ ၏​လက်​သို့​အပ်​တော်​မူ​၏။ သူ​တို့​သည်​မြို့ သူ​မြို့​သား​တို့​ကို​တစ်​ယောက်​မ​ကျန် သတ် ဖြတ်​သုတ်​သင်​ခဲ့​လေ​သည်။ ယေ​ရိ​ခေါ​မင်း ကို​အ​ဆုံး​စီ​ရင်​ခဲ့​သ​ကဲ့​သို့​လိ​ဗ​နာ မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​ကြ​သည်။


ဂေ​ဇာ​မင်း​ဟော​ရံ​သည်​လာ​ခိ​ရှ​မင်း​ဘက် မှ​စစ်​ကူ​၍​တိုက်​ခိုက်​သော်​လည်း ယော​ရှု​သည် သူ​နှင့်​သူ​၏​တပ်​ကို​တိုက်​ခိုက်​အောင်​မြင်​၍ တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​လေ သည်။


ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​သုံး​ဆယ့် တစ်​မြို့​တို့​၏​မင်း​များ​ကို​နှိမ်​နင်း​ခဲ့​သည်။ ယင်း​မြို့​တို့​မှာ​ယေ​ရိ​ခေါ​မြို့၊ (ဗေ​သ​လ မြို့​အ​နီး​ရှိ) အာ​ဣ​မြို့၊-


သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ