ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ယောရှု 8:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ယောရှုအား “မကြောက်နှင့်။ စိတ်မပျက်နှင့်။ စစ်သည်အပေါင်းတို့ကိုခေါ်ပြီး အာဣမြို့သို့ ထ၍စစ်ချီလော့။ ကြည့်ရှုလော့။ အာဣဘုရင်နှင့်တကွ သူ့လူ၊ သူ့မြို့၊ သူ့မြေကို သင့်လက်သို့ငါအပ်ပြီ။ Common Language Bible ထာဝရဘုရားသည်ယောရှုအား``သင်သည် စစ်သူရဲအပေါင်းတို့နှင့်အတူအာဣမြို့ သို့ချီတက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ ငါသည်သင့်လက်တွင်းသို့အာဣမင်းနှင့် တကွပြည်သူပြည်သားများ၊ သူ၏မြို့၊ သူ၏နယ်မြေတို့ကိုပေးအပ်မည်။- Garrad Bible ထို နောက် ယော ရှု အား ထာ ဝ ရ ဘု ရား က၊ ကြောက် ရွံ့ ခြင်း၊ တုန် လှုပ် ခြင်း ကင်း လျက်၊ စစ် သူ ရဲ အ ပေါင်း တို့ ကို ခေါ်၍ အာ ဣ မြို့ သို့ ထ သွား လော့။ အာ ဣ ဘု ရင် နှင့် လူ သူ၊ မြို့ နယ်၊ မြေ များ ကို သင့် လက် တွင်း သို့ ငါ အပ် နှင်း ပြီ။ Judson Bible တစ်ဖန် ထာဝရဘုရားကလည်း၊ သင်သည် မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သင်၌ပါသော စစ်သူရဲအပေါင်းတို့ကိုခေါ်၍ အာဣမြို့သို့ ထသွားလော့။ အာဣမင်းကြီးနှင့် သူ့လူများ၊ သူ့မြို့၊ သူ့မြေကို သင့်လက်၌ငါအပ်မည်။ |
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေးလူမျိုး၊ စိတ်မပျက်နှင့်။ ကြည့်ရှုလော့။ ဝေးသောပြည်မှ သင့်ကို ငါကယ်တင်မည်။ ဖမ်းခေါ်သွားခြင်းခံရသောပြည်မှ သင့်သားစဉ်မြေးဆက်ကို ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို သင်တို့ထံ အပ်တော်မူပြီ။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍သိမ်းပိုက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု ဆို၏။
ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။
သူတို့ကို မကြောက်နှင့်။ ဖာရောမင်းကြီးနှင့် အီဂျစ်လူမျိုးအပေါင်းတို့၌ သင်၏ဘုရားသခင်ထာဝရဘုရားပြုတော်မူခဲ့သည့်အမှုကိုအောက်မေ့လော့။
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ယောရှုသည်လည်း ရဲစွမ်းသတ္တိရှိသောစစ်သူရဲအပေါင်းတို့နှင့်တကွ စစ်တပ်တစ်တပ်လုံးကိုခေါ်၍ ဂိလဂါလအရပ်မှ စစ်ချီထွက်လေ၏။
ထာဝရဘုရားက ယောရှုအား “သူတို့ကို သင့်လက်သို့ ငါအပ်ပြီဖြစ်၍ သူတို့ကို မကြောက်နှင့်။ သင့်ရှေ့၌ ထိုသူတို့တစ်ယောက်မျှ ခံရပ်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
သူတို့က ယောရှုအား “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်ပြည်လုံးကို အကျွန်ုပ်တို့လက်သို့အပ်တော်မူပြီ။ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့သည်လည်း အကျွန်ုပ်တို့သတင်းကိုကြားသဖြင့် စိတ်အားလျော့လျက်ရှိကြပါ၏”ဟု ဆိုလေ၏။
ထာဝရဘုရားက ယောရှုအား “ကြည့်ရှုလော့။ ဂျေရိခေါမြို့နှင့်တကွ ရှင်ဘုရင်နှင့် ရဲစွမ်းသတ္တိရှိသောစစ်သူရဲတို့ကို သင့်လက်သို့ ငါအပ်ပြီ။
ခါနာန်လူမျိုးနှင့် ခါနာန်ပြည်သားအပေါင်းတို့ကြားလျှင် သူတို့သည် အကျွန်ုပ်တို့ကိုဝိုင်းရံထားပြီး အကျွန်ုပ်တို့၏အမည်ကို မြေကြီးပေါ်မှပယ်ဖျက်ကြပါလိမ့်မည်။ ကိုယ်တော်၏ကြီးမြတ်သောနာမတော်အဖို့ မည်သို့ပြုတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။