ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
ယောရှု 7:18 - မြန်မာ့စံမီသမ္မာကျမ်း ဇာဗဒိအိမ်ထောင်စုကို တစ်ယောက်ချင်းစီ ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ရွေးထုတ်ခံရ၏။ Common Language Bible ဇာဗဒိ၏မိသားစုမှတစ်ဦးချင်းရှေ့တော် သို့ထွက်လာစေသည့်အခါ အာခန်ဆိုသူ မဲကျလေ၏။ သူသည်ကာမိ၏သား၊ ဇာဗဒိ ၏မြေးဖြစ်သည်။- Garrad Bible ယု ဒ အ နွယ်၊ ဇေ ရ မြစ်၊ ဇာ ဗ ဒိ မြစ်၊ ကာ မိ သား အာ ခန့် အ ပေါ် တွင် မဲ ကျ လေ ၏။ Judson Bible ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သောအာခန်ကို မှတ်တော်မူ၏။ |
ဒုက္ခသည် အပြစ်သားတို့၏နောက်သို့ လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား ကောင်းသောဆုလာဘ်ကိုရရှိလိမ့်မည်။
အစ္စရေးလူမျိုး၏ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် ဖမ်းမိသောသူခိုးအရှက်ကွဲသကဲ့သို့ အရှက်ကွဲရလိမ့်မည်။
ထိုသို့မပြုလျှင် သင်တို့သည် ထာဝရဘုရားကိုပြစ်မှားပြီဖြစ်၍ သင်တို့အပြစ်အတွက် သင်တို့ ခံရမည်ဟု သိမှတ်ကြလော့။
ယုဒအမျိုးအနွယ်ကို ချဉ်းကပ်စေရာ ဇေရမျိုးနွယ်စုသည် ရွေးထုတ်ခံရ၏။ ဇေရမျိုးနွယ်စုကို အိမ်ထောင်စုအလိုက် ချဉ်းကပ်စေရာ ဇာဗဒိအိမ်ထောင်စု ရွေးထုတ်ခံရ၏။
ရှောလုမင်းကြီးက “ငါနှင့်ငါ့သားယောနသန်ကို မဲချပေးလော့”ဟု ဆိုသဖြင့် မဲချသောအခါ ယောနသန်၌ မဲကျလေ၏။