Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 7:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ယုဒ​အမျိုးအနွယ်​ကို ချဉ်းကပ်​စေ​ရာ ဇေရ​မျိုးနွယ်စု​သည် ရွေးထုတ်​ခံရ​၏​။ ဇေရ​မျိုးနွယ်စု​ကို အိမ်ထောင်စု​အလိုက် ချဉ်းကပ်​စေ​ရာ ဇာဗဒိ​အိမ်ထောင်စု ရွေးထုတ်​ခံရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​တို့​ရှေ့​တော်​သို့ ထွက်​လာ​သော​အ​ခါ ဇေ​ရ​သား​ချင်း​စု​မဲ​ကျ လေ​၏။ ဇေ​ရ​သား​ချင်း​စု​မှ​မိ​သား​စု​များ ရှေ့​တော်​သို့​ထွက်​စေ​ရာ​ဇာ​ဗ​ဒိ​မိ​သား​စု​ကို မဲ​ကျ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 မဲ ကျ သော ယု ဒ အ နွယ် အ နက်၊ ယု ဒ အ ဆက် များ ကိုလည်း ကောင်း၊ မဲ ကျ သော ဇေ ရ အ ဆက် အ နက်၊ အိမ် ထောင် များ ကို လည်း ကောင်း၊ မဲ ကျ သော ဇာ ဗ ဒိ အိမ် ထောင် အ နက်၊ လူ အ စဉ် အ လိုက် ကိုလည်း ကောင်း၊ ချဉ်း ကပ် စေ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ယု​ဒ​အ​မျိုး​ကို ဆောင်​ခဲ့​သ​ဖြင့်၊ ဇေ​ရိ​အ​ဆွေ​အ​မျိုး​ကို မှတ်​တော်​မူ၏။ ဇေ​ရိ​အ​ဆွေ​အ​မျိုး အိမ်​ထောင်​စုံ အ​သီး​အ​သီး​တို့​ကို ဆောင်​ခဲ့​သ​ဖြင့် ဇာ​ဗ​ဒိ​အိမ်​ထောင်​ကို မှတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:17
6 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်မှ လက်​၌​ကြိုး​အနီ​ချည်​ထား​သော​ကလေး​သည် မွေးလာ​၏​။ ထို​သား​၏​အမည်​ကို ဇေရ ဟု​မှည့်ခေါ်​လေ​၏​။


ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု​၊ ရှောလ​မှ​ဆင်းသက်​သော ရှောလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


မျိုးနွယ်စု​အလိုက် ယုဒ​၏​အမျိုးအနွယ်​များ​ကား ရှေလ​မှ​ဆင်းသက်​သော ရှေလ​မျိုးနွယ်စု​၊ ဖာရက်​မှ​ဆင်းသက်​သော ဖာရက်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


ယောရှု​သည်​လည်း နံနက်​စောစောထ​၍ အစ္စရေး​လူမျိုး​တို့​ကို အမျိုးအနွယ်​အလိုက် ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​သည် ရွေးထုတ်​ခံရ​၏​။


ဇာဗဒိ​အိမ်ထောင်စု​ကို တစ်ယောက်ချင်းစီ ချဉ်းကပ်​စေ​ရာ ယုဒ​အမျိုးအနွယ်​ထဲမှ ဇေရ​၏​မြစ်​၊ ဇာဗဒိ​၏​မြေး​၊ ကာမိ​၏​သား အာခန်​သည် ရွေးထုတ်​ခံရ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ