မောရှေကလည်း သူတို့အား “သင်တို့သည် သင်တို့၏စကားအတိုင်း ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ရန်လက်နက်ကိုင်စွဲမည်၊
ယောရှု 6:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ယောရှုက လူတို့အားမှာကြားပြီးသည်နှင့် ထာဝရဘုရားရှေ့မှ သိုးချိုတံပိုးခုနစ်ခုကိုကိုင်ဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကိုမှုတ်လျက် ချီသွားကြ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်မှပါလာ၏။ Common Language Bible ယောရှုအမိန့်ပေးသည့်အတိုင်းတံပိုးခရာမှုတ် သောယဇ်ပုရောဟိတ်များရှေ့က လက်နက်ကိုင် တပ်သားများစတင်ချီတက်လေသည်။ သူတို့ နောက်တွင်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် သောယဇ်ပုရောဟိတ်များ၊ သူတို့နောက်တွင် တပ်သားများလိုက်ပါချီတက်ကြသည်။ သူ တို့ချီတက်နေစဉ်ယဇ်ပုရောဟိတ်များက တံပိုးခရာများကိုမှုတ်ကြသည်။- Garrad Bible ထို သို့ ယော ရှု မိန့် မှာ ပြီး မှ ထာ ဝ ရ ဘု ရား ရှေ့ သိုး ချို တံ ပိုး ခု နစ် လက် ကိုင် ပ ရော ဟိတ် ခု နစ် ပါး တို့ သည်၊ တံ ပိုး မှုတ် လျက် သွား ကြ ရာ၊ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ လိုက် လေ၏။ Judson Bible ယောရှုသည် လူများတို့အားမှာထားပြီးမှ၊ ယုဘိလတံပိုး ခုနစ်လုံးကိုဆောင်သော ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ်လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် သူတို့နောက်သို့ လိုက်လေ၏။ |
မောရှေကလည်း သူတို့အား “သင်တို့သည် သင်တို့၏စကားအတိုင်း ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ရန်လက်နက်ကိုင်စွဲမည်၊
လူတို့ကိုလည်း “သွား၍ မြို့ကိုလှည့်ပတ်ကြလော့။ လက်နက်ကိုင်စွဲသောသူတို့သည် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။
တံပိုးမှုတ်သောယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်လျက်ချီတက်ကြစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှချီသွားကြ၏။ နောက်ရံတပ်သားတို့ကား သေတ္တာတော်နောက်မှ ချီသွားကြ၏။