Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 6:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 တံပိုး​မှုတ်​သော​ယဇ်ပုရောဟိတ်​တို့​သည် တံပိုး​မှုတ်​လျက်​ချီတက်​ကြ​စဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ​ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​ကား သေတ္တာ​တော်​နောက်မှ ချီသွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 တံ ပိုး မှုတ် လျက် သွား မြဲ သွား သော ပ ရော ဟိတ် တို့ ရှေ့၊ လက် နက် ကိုင် တို့ ချီ သွား သော်၊ တပ် မ လည်း သေ တ္တာ တော် နောက် လိုက် ချီ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှေ့​မှာ လက်​နက်​ကိုင်​တို့​သည်​သွား၍၊ ယဇ်​ပု​ရော​ဟိတ်​များ တံ​ပိုး​မှုတ်​လျက်​သွား​ကြ​စဉ်၊ နောက်​တပ်​သား​တို့​သည် သေ​တ္တာ​တော်​နောက်​သို့ လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 6:9
6 ပူးပေါင်းရင်းမြစ်များ  

ထိုသို့​ပြု​လျှင် သင်​၏​အလင်း​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ သင်​၏​အနာရောဂါ​သည် အလျင်အမြန်​ပျောက်ကင်း​မည်​။ သင်​၏​ဖြောင့်မတ်​ခြင်း​သည် သင့်​ရှေ့​၌​သွား​မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​သည် သင့်​ကို အနောက်မှ​ကာကွယ်​တော်မူ​မည်​။


ဒန်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ တပ်စခန်း​အားလုံး​ကို​အကာအကွယ်​အဖြစ် နောက်ဆုံး​မှ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိရှဒ္ဒဲ​၏​သား အဟေဇာ ဦးစီး​၏​။


ယောရှု​က လူ​တို့​အား “ ‘​ကြွေးကြော်​ကြ​လော့​’​ဟု ငါ​အမိန့်​မ​ပေး​မ​ချင်း သင်​တို့​မ​ကြွေးကြော်​ရ​။ အသံ​မ​ပြု​ရ​။ နှုတ်​မှ စကား​တစ်ခွန်း​မျှ မ​ထွက်​ရ​။ ငါ​အမိန့်ပေး​မည့်​နေ့​ရောက်​မှ သင်​တို့​ကြွေးကြော်​ရ​မည်​”​ဟု မှာကြား​၏​။


ထာဝရဘုရား​၏​ရှေ့​တော်​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို ကိုင်ဆောင်​သော​ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို အဆက်မပြတ်​မှုတ်​၍​ချီသွား​ကြ​၏​။ ထိုစဉ် လက်နက်ကိုင်​တပ်သား​တို့​သည် သူ​တို့​ရှေ့​မှ ချီသွား​ကြ​၏​။ နောက်ရံတပ်သား​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​နောက်မှ​ချီသွား​ကြ​၏​။


ထိုသို့ ယောရှု​က လူ​တို့​အား​မှာကြား​ပြီး​သည်​နှင့် ထာဝရဘုရား​ရှေ့​မှ သိုးချို​တံပိုး​ခုနစ်​ခု​ကို​ကိုင်ဆောင်​သော ယဇ်ပုရောဟိတ်​ခုနစ်​ပါး​တို့​သည် တံပိုး​ကို​မှုတ်​လျက် ချီသွား​ကြ​၏​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​သည် သူ​တို့​နောက်မှ​ပါလာ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ