ယုဒတပ်သည် အနောက်ကိုလှည့်ကြည့်သောအခါ ရှေ့နောက်ညှပ်တိုက်ခံနေရပြီကို မြင်သဖြင့် ထာဝရဘုရားထံအော်ဟစ်အကူအညီတောင်းလေ၏။ ယဇ်ပုရောဟိတ်တို့လည်း တံပိုးခရာကိုမှုတ်ကြလေ၏။
ယောရှု 6:16 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။ Common Language Bible မြို့ကိုသတ္တမအကြိမ်လှည့်ပတ်နေစဉ်ယဇ် ပုရောဟိတ်များ တံပိုးခရာများကိုမှုတ်အံ့ ဆဲဆဲ၌ယောရှုသည်လူအပေါင်းတို့အား``ဟစ် အော်ကြွေးကြော်ကြလော့။ ထာဝရဘုရား သည်သင်တို့အားမြို့ကိုအပ်တော်မူပြီ။- Garrad Bible သ တ္တ မ မြောက် လှည့် ပတ် စဉ် ပ ရော ဟိတ် တို့ တံ ပိုး မှုတ် ကြ သော အ ခါ ယော ရှု က၊ တပ် သံ ပေး ကြ လော့။ ထာ ဝ ရ ဘု ရား သည် သင် တို့ အား မြို့ ကို အပ် နှင်း တော် မူ ပြီ။ Judson Bible သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အားမြို့ကို ပေးတော်မူမည်။ |
ယုဒတပ်သည် အနောက်ကိုလှည့်ကြည့်သောအခါ ရှေ့နောက်ညှပ်တိုက်ခံနေရပြီကို မြင်သဖြင့် ထာဝရဘုရားထံအော်ဟစ်အကူအညီတောင်းလေ၏။ ယဇ်ပုရောဟိတ်တို့လည်း တံပိုးခရာကိုမှုတ်ကြလေ၏။
ယုဒတပ်သားတို့လည်း ကြွေးကြော်လျက်နေ၏။ ထိုသို့ ယုဒတပ်သားတို့ကြွေးကြော်သောအခါ ဘုရားသခင်သည် ယေရောဗောင်မင်းကြီးနှင့်အစ္စရေးတပ်သားအပေါင်းတို့ကို အဘိယနှင့်ယုဒတပ်သားတို့ရှေ့၌ ရှုံးနိမ့်စေတော်မူ၏။
ခုနစ်ရက်မြောက်သောနေ့၌ အရုဏ်တက်သည်နှင့် သူတို့သည်ထ၍ ယခင်နည်းအတိုင်း မြို့ကိုခုနစ်ပတ် လှည့်ပတ်လေ၏။ ဤနေ့တစ်နေ့သာ မြို့ကိုခုနစ်ပတ်လှည့်ပတ်ခြင်းဖြစ်၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။