၂ ရာချုပ် 13:14 - မြန်မာ့စံမီသမ္မာကျမ်း14 ယုဒတပ်သည် အနောက်ကိုလှည့်ကြည့်သောအခါ ရှေ့နောက်ညှပ်တိုက်ခံနေရပြီကို မြင်သဖြင့် ထာဝရဘုရားထံအော်ဟစ်အကူအညီတောင်းလေ၏။ ယဇ်ပုရောဟိတ်တို့လည်း တံပိုးခရာကိုမှုတ်ကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ယု ဒ ရဲ မက် တို့ သည် လှည့် ကြည့်၍၊ ရှေ့ နောက် တပ် ညှပ် သည် ကို မြင် လျှင်၊ ထာ ဝ ရ ဘု ရား ထံ ဟစ် ခြင်း၊ ပ ရော ဟိတ် တို့ တံ ပိုး မှုတ် ခြင်း ကို ပြု ပြီး မှ၊ တပ် သံ ပေး သော အ ခါ၊ အခန်းကိုကြည့်ပါ။Judson Bible14 ယုဒလူတို့သည် ပြန်ကြည့်သောအခါ၊ စစ်မှုဝိုင်းမိသည်ကိုမြင်လျှင်၊ ထာဝရဘုရားအား ဟစ်ခေါ်၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အာသမင်းကြီးသည် ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်လျက် “အို ထာဝရဘုရား၊ အားကြီးသူကိုတွန်းလှန်နိုင်ရန် အားနည်းသူကို ကူညီနိုင်သောအရှင်သည် ကိုယ်တော်မှလွဲ၍ မရှိပါ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တို့ ကိုးစားပါ၏။ အကျွန်ုပ်တို့သည် ဤလူအလုံးအရင်းကြီးကိုတိုက်ခိုက်ရန် ကိုယ်တော်၏နာမတော်ကိုစွဲကိုင်လျက် လာပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ဤလူတို့သည် ကိုယ်တော်ကို အနိုင်မရပါစေနှင့်”ဟု ဆုတောင်းလေ၏။
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင် ဖြစ်ရမည်”ဟု ဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီးကလည်း အော်ဟစ်အကူအညီတောင်းသဖြင့် ထာဝရဘုရားသည် သူ့ကို ကူမတော်မူ၏။ ဘုရားသခင်သည် ရန်သူတို့ကို ယောရှဖတ်မင်းကြီးထံမှ လမ်းလွဲစေတော်မူ၏။