အကျွန်ုပ်သည် မိုးမလင်းမီထ၍ အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။
ယောရှု 6:15 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်မြောက်သောနေ့၌ အရုဏ်တက်သည်နှင့် သူတို့သည်ထ၍ ယခင်နည်းအတိုင်း မြို့ကိုခုနစ်ပတ် လှည့်ပတ်လေ၏။ ဤနေ့တစ်နေ့သာ မြို့ကိုခုနစ်ပတ်လှည့်ပတ်ခြင်းဖြစ်၏။ Common Language Bible သတ္တမနေ့နံနက်အရုဏ်တက်အချိန်၌သူတို့ သည်နိုးထ၍ ယခင်လှည့်ပတ်နည်းအတိုင်းမြို့ ကိုခုနစ်ကြိမ်လှည့်ပတ်ကြလေသည်။ ထိုနေ့၌ သာမြို့ကိုခုနစ်ကြိမ်တိုင်အောင်လှည့်ပတ်ကြ သည်။- Garrad Bible ခု နစ် ရက် မြောက် သော နေ့၌ အ ရုဏ် တက် အ ချိန် ထ ပြီး လျှင်၊ ထို နေ့ တွင် သာ ယ မန် နည်း အ တိုင်း မြို့ ကို ခု နစ် ကြိမ် လှည့် ပတ် ကြ၏။ Judson Bible သတ္တမနေ့ နံနက်စောစော မိုးလင်းစကထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်ကြ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ်ရကြ၏။ |
အကျွန်ုပ်သည် မိုးမလင်းမီထ၍ အကူအညီအော်ဟစ်တောင်းခံပါ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို အကျွန်ုပ်မျှော်လင့်ကိုးစားပါ၏။
ဥပုသ်နေ့လွန်ပြီးနောက် ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်ချိန်၌ မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိသည် သင်္ချိုင်းတော်ကိုသွားကြည့်ကြ၏။
ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
ဒုတိယနေ့တွင်လည်း မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
ခုနစ်ပတ်မြောက်တွင် ယဇ်ပုရောဟိတ်တို့ တံပိုးမှုတ်သောအခါ ယောရှုက လူတို့အား “ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် ဤမြို့ကို သင်တို့အား ပေးတော်မူပြီ။
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။