ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိအမျိုးတို့အား ဘုရားသခင်သည် စောင်မတော်မူ၏။ သူတို့သည် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
ယောရှု 6:13 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ရှေ့တော်မှ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သောယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကို အဆက်မပြတ်မှုတ်၍ချီသွားကြ၏။ ထိုစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှ ချီသွားကြ၏။ နောက်ရံတပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်မှချီသွားကြ၏။ Common Language Bible ရှေ့ဆုံးကတပ်သားများ၊ ထိုနောက်တံပိုးခရာ ခုနစ်လုံးကိုမှုတ်သောယဇ်ပုရောဟိတ်ခုနစ် ယောက်၊ သူတို့နောက်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပင့်ဆောင်သောယဇ်ပုရော ဟိတ်များနှင့်နောက်ဆုံးတပ်သားများလိုက် ပါချီတက်ကြ၏။ သူတို့ချီတက်နေစဉ် ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုမှုတ်ကြသည်။- Garrad Bible သေ တ္တာ တော် ရှေ့ တံ ပိုး မှုတ် လျက် သွား မြဲ သွား သော သိုး ချို တံ ပိုး ခု နစ် လက် ကိုင် ပ ရော ဟိတ် ခု နစ် ပါး တို့ မျက် မှောက် တွင် လက် နက် ကိုင် တို့ ချီ သွား လျက် တပ် မ မှာ၊ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် နောက် လိုက် ချီ ကြ၏။ Judson Bible ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကိုဆောင်သော ယဇ်ပုရောဟိတ် ခုနစ်ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက်နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်သို့ လိုက်ကြ၏။ |
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိအမျိုးတို့အား ဘုရားသခင်သည် စောင်မတော်မူ၏။ သူတို့သည် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
ဒန်၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ တပ်စခန်းအားလုံးကိုအကာအကွယ်အဖြစ် နောက်ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိရှဒ္ဒဲ၏သား အဟေဇာ ဦးစီး၏။
ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။
ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။
ဒုတိယနေ့တွင်လည်း မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။
တံပိုးမှုတ်သောယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်လျက်ချီတက်ကြစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှချီသွားကြ၏။ နောက်ရံတပ်သားတို့ကား သေတ္တာတော်နောက်မှ ချီသွားကြ၏။