Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 15:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို ထမ်း​သော​လေဝိ​အမျိုး​တို့​အား ဘုရားသခင်​သည် စောင်မ​တော်မူ​၏​။ သူ​တို့​သည် နွားထီး ခုနစ်​ကောင်​၊ သိုးထီး ခုနစ်​ကောင်​ကို ယဇ်ပူဇော်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ဘု​ရား​သ​ခင်​သည်​သေတ္တာ​တော်​ကို​ပင့်​ဆောင် ကြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​မ​စ​တော် မူ​စေ​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​နွား​ထီး​ခု​နစ်​ကောင်​နှင့်​သိုး​ခု​နစ် ကောင်​ကို​ယဇ်​ပူ​ဇော်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ထမ်း ရန် လေ ဝိ ဂိုဏ်း သား တို့ ကို ဘု ရား သ ခင် မ စ တော် မူ သည့် အ တွက် နွား ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် များ ကို ဆက် ကပ် ပူ ဇော် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​တို့​ကို ဘု​ရား​သ​ခင်​မ​စ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​သည် နွား​ခု​နစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 15:26
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​သူ​တို့​သည် ခြေလှမ်း​ခြောက်​လှမ်း​အရောက်​တွင် နွားထီး​တစ်​ကောင်​နှင့် ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။


အကျွန်ုပ်​တို့​အား ဤမျှလောက်​စေတနာစိတ်​နှင့်​ပေးလှူ​နိုင်​ခွင့်​ကို​ပေးသနား​သည်​မှာ အကျွန်ုပ်​ကား မည်သူ​ဖြစ်​ပါ​သနည်း​။ အကျွန်ုပ်​၏​လူ​တို့​ကား မည်သူ​တို့​ဖြစ်​ကြ​ပါ​သနည်း​။ အရာခပ်သိမ်း​တို့​သည် ကိုယ်တော့်​ထံမှ​ဖြစ်၍ ကိုယ်တော်​ပိုင်​သမျှ​ကို အကျွန်ုပ်​တို့ ပြန်လည်​ပေးလှူ​ကြ​ပါ​၏​။


ထို့ကြောင့် နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​ကို​ယူ​၍ ငါ့​အစေအပါး​ယောဘ​ဆီ​သွား​ပြီး မီးရှို့ရာယဇ်​ကို ပူဇော်​ကြ​လော့​။ ငါ့​အစေအပါး​ယောဘ​သည် သင်​တို့​အဖို့ ဆုတောင်း​ပေး​လိမ့်မည်​။ သင်​တို့​သည် ငါ့​အကြောင်း​ကို ယောဘ​ကဲ့သို့ မှန်မှန်ကန်ကန်​မ​ပြော​သောကြောင့် သင်​တို့​မိုက်မဲ​ခဲ့​သည့်​အတိုင်း သင်​တို့​ကို​မ​စီရင်​မည့်​အကြောင်း သူ​ဆုတောင်း​ပေး​လျှင် သူ့​မျက်နှာ​ကို​ထောက်​ပြီး ငါ​လက်ခံ​မည်​”​ဟု မိန့်​တော်မူ​၏​။


ပွဲတော်​ခုနစ်​ရက်​ပတ်လုံး ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သော နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​ခုနစ်​ကောင်​တို့​ကို ခုနစ်​ရက်​ပတ်လုံး နေ့တိုင်း​စီစဉ်​ပေး​ရ​မည်​။ အပြစ်ဖြေရာယဇ်​အဖြစ်​လည်း ဆိတ်ထီးကလေး​တစ်​ကောင်​ကို နေ့တိုင်း​စီစဉ်​ပေး​ရ​မည်​။


ဗာလမ်​က​လည်း ဗာလက်​မင်းကြီး​အား “​ဤ​နေရာ​၌ ငါ့​အတွက် ယဇ်ပလ္လင်​ခုနစ်​ခု​ကို​တည်​၍ နွားထီး​ခုနစ်​ကောင်​နှင့် သိုးထီး​ခုနစ်​ကောင်​ကို​လည်း ပြင်ဆင်​လော့​”​ဟု ဆို​၏​။


သတ္တမ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ခုနစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်​လေး​ကောင်​ကို ပူဇော်​ရ​မည်​။


သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏​မစ​ခြင်း​ကျေးဇူး​ကို​ခံစား​ရ​၍ ယနေ့​တိုင်အောင် ရပ်​လျက် လူကြီး​လူငယ်​တို့​အား သက်သေခံ​နေ​ပါ​သည်။ ထိုသို့​သက်သေခံ​ရာ​၌ နောင်တွင် ဖြစ်ပျက်​မည်​ဟု မောရှေ​နှင့်​ပရောဖက်​တို့​ဟောပြော​ခဲ့​သည့်​အရာ​များ​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​ပြောဆို​ခဲ့​ပါ။


အချို့​သော​သူ​တို့​အတွက် သေ​ခြင်း​သို့​ပို့ဆောင်​သည့် သေ​ခြင်း​၏​ရနံ့​ဖြစ်​ကြ​ပြီး အချို့​သော​သူ​တို့​အတွက်​ကား အသက်ရှင်​ခြင်း​သို့​ပို့ဆောင်​သည့် အသက်ရှင်​ခြင်း​၏​ရနံ့​ဖြစ်​ကြ​၏။ သို့ဖြစ်လျှင် ဤ​အမှုအရာ​များ​နှင့် မည်သူ​သည် ထိုက်တန်​သနည်း။


ထိုသို့ဆိုသော် တစ်စုံတစ်ခု​သည် ငါ​တို့​ထံမှ​ဖြစ်လာ​သည်​ဟု သတ်မှတ်​နိုင်​ရန် ငါ​တို့​၌​အစွမ်းအစ​ရှိ​သည်​ဟု​မ​ဆိုလို။ ငါ​တို့​၏​အစွမ်းအစ​သည် ဘုရားသခင်​ထံမှ​သာ​ဖြစ်​၏။


ထို့နောက် ရှမွေလ​သည် ကျောက်တုံး​တစ်​တုံး​ကို​ယူ​၍ မိဇပါ​မြို့​နှင့် ရှင်​မြို့​ကြား​တွင် ထား​ပြီး “​ထာဝရဘုရား​သည် ယခု​တိုင်အောင် ငါ​တို့​ကို​ကူညီမစ​တော်မူ​၏​”​ဟု ဆို​လျက် ထို​ကျောက်တုံး​၏​အမည်​ကို ဧဗနေဇာ​ဟု​ခေါ်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ