အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
ယောရှု 6:12 - မြန်မာ့စံမီသမ္မာကျမ်း ယောရှုသည် နံနက်စောစောထ၏။ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသွားကြ၏။ Common Language Bible နောက်တစ်နေ့နံနက်စောစောတွင်ယောရှုသည် နိုးထ၏။ ယဇ်ပုရောဟိတ်နှင့်စစ်သည်တို့သည် ဒုတိယအကြိမ်မြို့ကိုယခင်နည်းအတိုင်း လှည့်ပတ်ကြ၏။- Garrad Bible ယော ရှု သည် နံ နက် အ ချိန် ထ၍၊ ပ ရော ဟိတ် တို့ လည်း ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပင့် ဆောင် ကြ ရာ၊ Judson Bible နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းယူကြ၏။ |
အာဗြဟံသည် နံနက်စောစောထ၍ မြည်းပေါ်ကုန်းနှီးတင်ပြီးလျှင် သူ၏ငယ်သားနှစ်ယောက်နှင့်သူ၏သားဣဇက်ကို မိမိနှင့်အတူခေါ်၍ မီးရှို့ရာယဇ်အတွက်ထင်းကိုခွဲပြီးမှ ထ၍ မိမိအားဘုရားသခင်မိန့်တော်မူသောအရပ်သို့ သွားလေ၏။
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏သေတ္တာတော်နှင့်တကွ မြို့ကိုတစ်ပတ်ပတ်ပြီး တပ်စခန်းသို့ပြန်လာ၍ တပ်စခန်းတွင် ညအိပ်နားကြ၏။
ထာဝရဘုရား၏ရှေ့တော်မှ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သောယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် တံပိုးကို အဆက်မပြတ်မှုတ်၍ချီသွားကြ၏။ ထိုစဉ် လက်နက်ကိုင်တပ်သားတို့သည် သူတို့ရှေ့မှ ချီသွားကြ၏။ နောက်ရံတပ်သားတို့သည် ထာဝရဘုရား၏သေတ္တာတော်နောက်မှချီသွားကြ၏။
ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် နံနက်အချိန်ချီတက်၍ ဂိဗာမြို့အနီးတွင် စခန်းချ၏။