ထာဝရဘုရားက ဧလိယအား လေပွေဖြင့် ကောင်းကင်သို့ ချီဆောင်သွားချိန်ရောက်လာလျှင် ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့မှ ထွက်လာကြ၏။
ယောရှု 4:19 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။ Common Language Bible လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။- Garrad Bible လူ ပ ရိ သတ် သည် ပ ဌ မ လ၊ ဆယ် ရက် နေ့ တွင်၊ ယော် ဒန် မြစ် မှ တက်၍ ယေ ရိ ခေါ မြို့ အ ရှေ့ ဘက်၊ ဂိ လ ဂါ လ အ ရပ်၌ တပ် စွဲ ကြ ရာ၊ Judson Bible ပထမလ၊ ဒသမနေ့ရက်တွင်၊ လူများတို့သည် ယော်ဒန်မြစ်ထဲက တက်လာ၍၊ ယေရိခေါမြို့အရှေ့ဘက်နားမှာ၊ ဂိလဂါလအရပ်၌ တပ်ချကြ၏။ |
ထာဝရဘုရားက ဧလိယအား လေပွေဖြင့် ကောင်းကင်သို့ ချီဆောင်သွားချိန်ရောက်လာလျှင် ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့မှ ထွက်လာကြ၏။
“ဗေသလမြို့သို့သွားပြီး အပြစ်ပြုကြ။ ဂိလဂါလမြို့သို့သွားပြီး အပြစ်များစွာပြုကြ။ သင်တို့၏ပူဇော်သက္ကာကို နံနက်တိုင်းယူလာကြ။ ဆယ်ဖို့တစ်ဖို့ကို သုံးရက်တစ်ကြိမ် ယူလာကြ။
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
အနှစ်လေးဆယ်မြောက်သောနှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့၌ မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှ ပညတ်တရားတို့ကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
ထိုတောင်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၊ နေဝင်ရာအနောက်လမ်း၊ အရာဗလွင်ပြင်၌နေထိုင်သော ခါနာန်လူမျိုးတို့၏နယ်မြေ၊ ဂိလဂါလပြည်နှင့်မျက်နှာချင်းဆိုင်၊ မောရေတောင်ကုန်းရှိဝက်သစ်ချပင်များအနီး၌ ရှိသည်မဟုတ်လော။
ထို့နောက်တွင် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် တပ်စခန်းချရာဂိလဂါလအရပ်သို့ ပြန်လာခဲ့ကြလေ၏။
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။
တစ်ဖန် နယ်နိမိတ်သည် အာခေါ်ချိုင့်ဝှမ်းမှ ဒေဗိရဘက်သို့ တက်သွား၍ ချိုင့်ဝှမ်းတောင်ဘက်ရှိ အဒုမ္မိမ်တောင်ကုန်းမျက်နှာချင်းဆိုင် မြောက်ဘက်ဂိလဂါလအရပ်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် အင်ရှေမက်စမ်းရေတွင်းကိုဖြတ်၍ အင်္ရောဂေလအရပ်၌ ဆုံး၏။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်မှတက်လာ၍ ကုန်းမြေပေါ်တွင် ခြေချလိုက်သည်နှင့် ဂျော်ဒန်မြစ်ရေသည် ပြန်စီးလာ၍ ယခင်ကကဲ့သို့ ကမ်းတစ်လျှောက်လုံး ရေလျှံလေ၏။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။
တစ်ဖန် ထာဝရဘုရားက ယောရှုအား “သင်တို့ခံရသောအီဂျစ်ပြည်သားတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ယနေ့ ငါဖယ်ရှားပစ်ပြီ”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုအရပ်ကို ဂိလဂါလဟု ယနေ့တိုင်ခေါ်ဆိုလေ၏။
ယောရှုတပ်စခန်းချရာ ဂိလဂါလအရပ်သို့ ရောက်လာကြ၏။ ထို့နောက် ယောရှုနှင့်အစ္စရေးအမျိုးသားတို့အား “အကျွန်ုပ်တို့သည် ဝေးသောပြည်မှ လာကြပြီဖြစ်၍ အကျွန်ုပ်တို့နှင့် မိတ်ဖွဲ့ပါလော့”ဟု ဆိုကြ၏။
ဂိလဂါလမြို့သို့ သင်ကြိုဆင်းသွားနှင့်လော့။ နောက်မှ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များကိုပူဇော်ရန် ငါလာခဲ့မည်။ ငါမရောက်မီ ခုနစ်ရက်စောင့်နေလော့။ ငါရောက်လျှင် သင်ပြုရမည့်အရာကို ပြောပြမည်”ဟု ဆိုလေ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။