ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
ယောရှု 4:13 - မြန်မာ့စံမီသမ္မာကျမ်း လူပေါင်းလေးသောင်းခန့် စစ်တိုက်ရန် စစ်လက်နက်စွဲကိုင်လျက် ထာဝရဘုရားမျက်မှောက်တော်၌ ဂျေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။ Common Language Bible သူတို့သည်လူအင်အားလေးသောင်းခန့်ရှိ၍ တိုက်ပွဲဝင်ရန် ထာဝရဘုရား၏ရှေ့တော်၌ မြစ်ကိုဖြတ်လျက် ယေရိခေါမြို့အနီးရှိ လွင်ပြင်သို့ချီတက်ကြလေသည်။- Garrad Bible လူ ပေါင်း လေး သောင်း ခန့် တို့ သည် လက် နက် စွဲ ကိုင် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် စစ် တိုက် ရန် ယေ ရိ ခေါ လွင် ပြင် သို့ ကူး ချီ ကြ၏။ Judson Bible ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့် လေးသောင်းခန့်မျှရှိ၍၊ စစ်တိုက်ခြင်းငှာ ပြင်ဆင်လျက် ထာဝရဘုရားရှေ့တော်၌ ယေရိခေါလွင်ပြင်သို့ ကူးသွားကြ၏။ |
ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။
ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
ခါလဒဲစစ်သည်တို့သည်လည်း ရှင်ဘုရင်နောက်သို့လိုက်ကြရာ ဇေဒကိမင်းကြီးကို ဂျေရိခေါလွင်ပြင်၌ မီလေ၏။ သူ၏စစ်သည်အပေါင်းတို့သည်လည်း တကွဲတပြားထွက်ပြေးကြ၏။
သို့သော် အကျွန်ုပ်တို့သည် အစ္စရေးအမျိုးသားတို့ကို သူတို့နေထိုင်မည့်အရပ်သို့ ရောက်သည်အထိ လက်နက်ကိုင်စွဲလျက် သူတို့၏ရှေ့မှသွားပါမည်။ အကျွန်ုပ်တို့၏ကလေးများကိုကား ဤပြည်သားတို့ရန်မှကင်းလွတ်ဖို့ ခံတပ်မြို့များ၌ နေထိုင်စေရမည်။
သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
ထိုအချိန်၌ ငါသည် သင်တို့အား ‘သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဤပြည်ကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့သော် ရဲစွမ်းသတ္တိရှိသူအပေါင်းတို့သည် လက်နက်ကိုင်စွဲလျက် သင်တို့ညီအစ်ကိုအစ္စရေးအမျိုးသားတို့၏ရှေ့မှ ဂျော်ဒန်မြစ်ကိုကူးသွားရမည်။
မောရှေမှာကြားခဲ့သည့်အတိုင်း ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားနှင့် မနာရှေမျိုးနွယ်တစ်ဝက်တို့သည် စစ်အခင်းအကျင်းနှင့်တကွ အစ္စရေးအမျိုးသားတို့၏ရှေ့မှ ကူးသွားကြ၏။
ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။