ဂျော်ဒန်မြစ်ရေသည် ရိတ်သိမ်းရာကာလ၌ မြစ်ကမ်းတစ်လျှောက်ရေလျှံလေ့ရှိ၏။ သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်သို့ရောက်၍ ရေစပ်၌ ခြေချသည်နှင့်
ရိတ် သိမ်း ချိန် ကာ လ ကမ်း လုံး ပြည့် လျှံ သော ယော် ဒန် မြစ် ရေ စ၌၊ သေ တ္တာ တော် ပင့် ဆောင် သူ ပ ရော ဟိတ် တို့ ခြေ ချ လိုက် သည် နှင့် တစ် ပြိုင် နက်
ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဖဝါးတို့သည် လျှံသောရေကိုနင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လျှံလေ့ရှိသော်လည်း၊
တစ်ဖန် ဧလိယက ဧလိရှဲအား “ယခု ဤမြို့မှာ နေခဲ့ပါတော့။ ငါ့ကို ဂျော်ဒန်မြစ်သို့ ထာဝရဘုရား စေလွှတ်တော်မူ၏”ဟုဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့နှစ်ဦး ဆက်သွားကြ၏။
သူတို့သည် ဂျော်ဒန်မြစ်ကမ်းပါးတစ်လျှောက် ရေလျှံနေချိန်ဖြစ်သော ပထမလတွင် မြစ်ကိုကူးပြီး ချိုင့်ဝှမ်းလွင်ပြင်၌နေထိုင်သူအားလုံးကို အရှေ့အနောက် တကွဲတပြားစီဖြစ်အောင် နှင်ထုတ်ပစ်၏။
အချို့သောဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားတို့သည်လည်း ဒါဝိဒ်ခိုလှုံရာနေရာသို့ ရောက်လာကြ၏။
ခြေသည် ထိုမြို့ကိုနင်းချေလိမ့်မည်။ အဖိနှိပ်ခံရသောသူတို့၏ခြေ၊ ဆင်းရဲသောသူတို့၏ခြေတို့သည် ထိုမြို့ကိုနင်းချေလိမ့်မည်”ဟု သီဆိုကြလိမ့်မည်။
သင်သည် ခြေသည်သူရဲတို့နှင့် အပြေးပြိုင်၍ပင်ပန်းလျှင် မြင်းတို့နှင့် မည်သို့ပြိုင်နိုင်မည်နည်း။ သင်သည် ငြိမ်းချမ်းသောပြည်၌ စိတ်မောနေလျှင် ဂျော်ဒန်တောအုပ်ကြီး၌ သင်မည်သို့ပြုမည်နည်း။
ကြည့်ရှုလော့။ ဂျော်ဒန်တောအုပ်မှ စိမ်းလန်းသောစားကျက်မြေသို့ ခြင်္သေ့တက်လာသောအခါ သားကောင်တို့ထွက်ပြေးရသကဲ့သို့ ထိုပြည်သားတို့ကို ထိုပြည်မှ ငါရုတ်ချည်းထွက်ပြေးစေမည်။ ငါရွေးချယ်သောသူကို ထိုပြည်၌ ငါခန့်ထားမည်။ မည်သူသည် ငါနှင့်တူသနည်း။ မည်သူသည် ငါ့ကိုစိန်ခေါ်ဝံ့သနည်း။ မည်သည့်သိုးထိန်းသည် ငါ့ကိုဆန့်ကျင်ပြီး ရပ်တည်နိုင်သနည်း”ဟု မိန့်တော်မူ၏။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
မြေတစ်ပြင်လုံးကိုအစိုးရသောအရှင် ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်ရေ၌ ခြေချလိုက်သည်နှင့် အထက်မှစီးဆင်းလာသောရေသည် ရပ်သွား၍ တစ်ဖက်တည်း၌စုပုံလျက် တန့်နေလိမ့်မည်”ဟု ဆိုလေ၏။
ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသော ယဇ်ပုရောဟိတ်တို့သည် ဂျော်ဒန်မြစ်အလယ်မှတက်လာ၍ ကုန်းမြေပေါ်တွင် ခြေချလိုက်သည်နှင့် ဂျော်ဒန်မြစ်ရေသည် ပြန်စီးလာ၍ ယခင်ကကဲ့သို့ ကမ်းတစ်လျှောက်လုံး ရေလျှံလေ၏။