အို ထာဝရဘုရား၊ ထတော်မူ၍ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော သေတ္တာတော်နှင့်အတူ ကိုယ်တော်၏ငြိမ်ဝပ်ရာအရပ်သို့ ကြွတော်မူပါ။
ယောရှု 3:14 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် မိမိတို့တဲများမှထွက်၍ ဂျော်ဒန်မြစ်ကိုဖြတ်ကူးသောအခါ ပဋိညာဉ်သေတ္တာတော်ကိုထမ်းရသောယဇ်ပုရောဟိတ်တို့သည် လူတို့ရှေ့မှသွားကြ၏။ Common Language Bible ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊- Garrad Bible ထို နောက် ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် သော ပ ရော ဟိတ် တို့ ဦး တည် သည် နှင့် လူ ပ ရိ သတ် တို့ သည် ယော် ဒန် မြစ် ကို ကူး သွား ရန် တဲ များ မှ ထွက် ကြ သည့် အ ခါ၊ Judson Bible လူများတို့သည် ယော်ဒန်မြစ်ကိုကူးအံ့သောငှာ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊ |
အို ထာဝရဘုရား၊ ထတော်မူ၍ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော သေတ္တာတော်နှင့်အတူ ကိုယ်တော်၏ငြိမ်ဝပ်ရာအရပ်သို့ ကြွတော်မူပါ။
ထိုကာလ၌ ပြည်တော်တွင် သင်တို့သည် များစွာပွားများကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ထိုအခါ လူတို့သည် ‘ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်’ဟု ပြောဆိုကြတော့မည်မဟုတ်။ စိတ်ထဲ၌ ရှိတော့မည်မဟုတ်၊ အောက်မေ့သတိရတော့မည်မဟုတ်။ ထိုသေတ္တာတော်ကို ပြုလုပ်တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
“ဤပညတ်တရားကျမ်းကိုယူ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ဘေး၌ ထားရမည်။ သင်တို့ကိုဆန့်ကျင်သောသက်သေအဖြစ် ရှိနေစေရမည်။
၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ဂျေရိခေါမြို့သို့ရောက်သောအခါ ဂျေရိခေါမြို့သားတို့အပါအဝင် အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ ဟိဝိလူမျိုးနှင့် ယေဗုသိလူမျိုးတို့သည် သင်တို့ကိုတိုက်ခိုက်ကြ၏။ ထိုသူတို့ကိုလည်း သင်တို့လက်သို့ ငါအပ်၏။
လူအပေါင်းတို့အား “သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးသားယဇ်ပုရောဟိတ်တို့ကို မြင်သောအခါ ကိုယ့်နေရာမှထွက်၍ သေတ္တာတော်နောက်သို့လိုက်ကြရမည်။
တစ်ဖန် ယောရှုက ယဇ်ပုရောဟိတ်တို့အား “ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြလော့”ဟု ဆိုသဖြင့် သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြ၏။
နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ “သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားရမည်။ သင်တို့တွင် ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။