ထို့နောက် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို ထ၍တိုက်ခိုက်၏။ သူသည် ဗောရ၏သားဗာလမ်ကို လူလွှတ်ခေါ်၍ သင်တို့အား ကျိန်ဆဲစေ၏။
ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။-
ဇိ ဖော့် သား၊ မော ဘ ဘု ရင် ဗာ လက် မင်း သည် ဣ သ ရေ လူ မျိုး ကို ချီ ထွက် စစ် တိုက် သော အ ခါ သင် တို့ အား အ မင်္ဂ လာ ပေး ရန် ခေါ် စေ သော၊ ဗော ရ သား ဗာ လမ့် စ ကား ကို ငါ နား မ ညောင်း ဘဲ မင်္ဂ လာ ပေး မြဲ ပေး စေ လျက် လက် တွင်း မှ သင် တို့ ကို လွတ် မြောက် စေ ၏။
မောဘရှင်ဘုရင် ဇိဖော်၏သားဗာလက်သည် ထ၍ ဣသရေလအမျိုးကို စစ်တိုက်သဖြင့်၊ သင်တို့ကို ကျိန်ဆဲစေခြင်းငှာ၊ ဗောရ၏သားဗာလမ်ကိုခေါ်သောအခါ၊
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
အာမောရိလူမျိုးတို့အား အစ္စရေးလူမျိုးတို့ပြုခဲ့သည့်အရာရှိသမျှကို ဇိဖော်၏သားဗာလက်မင်းကြီးသိမြင်၏။
ထိုအခါ အစ္စရေးလူမျိုးတို့သည် ဧဒုံဘုရင်ထံ တမန်များကိုစေလွှတ်၍ “အကျွန်ုပ်တို့ကို အရှင့်ပြည်ထဲမှဖြတ်သွားခွင့်ပြုပါ”ဟု ခွင့်တောင်းသော်လည်း ဧဒုံဘုရင်သည် နားမထောင်။ မောဘဘုရင်ထံလည်း တမန်များကို စေလွှတ်၏။ သူသည်လည်း ခွင့်မပြုဘဲနေ၏။ ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် ကာဒေရှအရပ်၌သာ နေကြရ၏။
သင်သည် ဇိဖော်၏သား၊ မောဘဘုရင်ဗာလက်မင်းကြီးထက် သာ၍မြတ်သလော။ သူသည် အစ္စရေးလူမျိုးကို ရန်တွေ့ဖူးသလော၊ စစ်တိုက်ဖူးသလော။