မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။
ယောရှု 22:7 - မြန်မာ့စံမီသမ္မာကျမ်း မောရှေက မနာရှေအမျိုးအနွယ်တစ်ဝက်အား ဗာရှန်ပြည်ကို အမွေမြေအဖြစ်ပေးခဲ့၏။ ယောရှုက ကျန်မနာရှေအမျိုးအနွယ်တစ်ဝက်အား သူတို့၏ညီအစ်ကိုတို့နှင့်အတူ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်းကို အမွေမြေအဖြစ်ပေး၏။ သူတို့ကို အိမ်သို့ပြန်စေသောအခါ ယောရှုသည် ကောင်းချီးပေး၍ Garrad Bible မ နာ ရှေ့ အ နွယ် တစ် ဝက် အား၊ ယော် ဒန် မြစ် အ နောက် ဘက်၌ ဆွေ မျိုး သား ချင်း တို့ အ တွင်း ယော ရှု အ ပိုင် ပေး ခဲ့ ပြီ။ ဗာ ရှန် ပြည် ၌ မော ရှေ ယ မန် ပေး ခဲ့ သော တစ် ဝက် ကို ပြန် လွှတ် သော အ ခါ Judson Bible မနာရှေအမျိုးတစ်ဝက်အား မောရှေသည် ဗာရှန်ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတစ်ဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကိုပေး၏။ |
မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။
ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။