သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
ယောရှု 22:32 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်နှင့်ခေါင်းဆောင်တို့သည် ဂိလဒ်ပြည်ရှိ ရုဗင်သားမြေးနှင့် ဂဒ်သားမြေးတို့ထံမှ အစ္စရေးအမျိုးသားတို့ရှိရာ ခါနာန်ပြည်သို့ပြန်လာ၍ ထိုသူတို့ ပြောသောစကားကို ပြန်ပြောပြကြ၏။ Common Language Bible ထိုနောက်ဖိနဟတ်နှင့်အကြီးအကဲတို့သည် ရုဗင်အနွယ်ဝင်နှင့်ဂဒ်အနွယ်ဝင်တို့နေထိုင် ရာဂိလဒ်ပြည်မှခါနာန်ပြည်သို့ပြန်ရောက် ပြီးလျှင် ဣသရေလအမျိုးသားတို့အား မိမိတို့ဆောင်ရွက်ခဲ့သမျှကိုပြန်ကြား ကြလေသည်။- Garrad Bible ထို သူ တို့ နေ ရာ ဂိ လဒ် နယ် မှ ဣ သ ရေ လ အ မျိုး သား တို့ နေ ရာ ခါ နာန် ပြည် သို့၊ အ ကြီး အ ကဲ တို့ နှင့် တ ကွ ပြန် သွား ကြား ပြော ကြ ၏။ Judson Bible ထိုအခါ ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သတင်းကြားပြောသဖြင့်၊ |
သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။
ထိုစကားကို အစ္စရေးအမျိုးသားတို့ကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။ အစ္စရေးအမျိုးသားတို့သည် ဘုရားသခင်ကိုကောင်းချီးထောမနာပြုကြ၏။ သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့နေထိုင်ရာပြည်ကို စစ်ချီတိုက်ခိုက်ဖျက်ဆီးမည့်အကြောင်း မပြောကြတော့ပေ။