ယောရှု 22:23 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နောက်တော်သို့ မလိုက်ဘဲလမ်းလွဲ၍ ယဇ်ပလ္လင်ကိုတည်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်၊ ထိုယဇ်ပလ္လင်ပေါ်၌ မိတ်သဟာယယဇ်များကို ပူဇော်လျှင် ထာဝရဘုရားကိုယ်တော်တိုင် စစ်ကြောစီရင်တော်မူပါ။ Common Language Bible ငါတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုမနာခံဘဲမီးရှို့ရာသကာ၊ ဘောဇဉ် သကာ၊ မိတ်သဟာယသကာများကို ပူဇော်ရန်ယဇ်ပလ္လင်ကိုတည်ပါမူ ထာဝရ ဘုရားကိုယ်တော်တိုင်ငါတို့အားဒဏ်ခတ် တော်မူပါစေ။- Judson Bible ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာကို ပူဇော်မည်အကြံရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ်ကြောတော်မူပါစေ။ |
ယောရှမင်းကြီးသည် ဇာခရိ၏ဖခင်ယောယဒပြခဲ့သောမေတ္တာကရုဏာကိုပင် မအောက်မေ့ဘဲ သားဖြစ်သူကိုသတ်လေ၏။ ဇာခရိသည် သေလုဆဲဆဲတွင် “ထာဝရဘုရားသည် ဤအမှုကို မြင်၍စီရင်တော်မူပါစေ”ဟု ဆို၏။
ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
သို့သော် ကင်းစောင့်သည် ဓားဘေးကျရောက်မည်ကို သိမြင်သော်လည်း တံပိုးကိုမမှုတ်ဘဲနေ၍ ပြည်သားတို့သည် သတိပေးခြင်းမခံရသဖြင့် ဓားဘေးကျရောက်၍ သူတို့အသက်ဆုံးသွားလျှင် သူသည် အပြစ်ကြောင့် သေသွားရသော်လည်း သူ့အသက်ကို ကင်းစောင့်ထံ ငါပြန်တောင်းမည်’ဟု မိန့်တော်မူ၏။
ဆိုးယုတ်သောသူအား ငါက ‘အချင်းဆိုးယုတ်သောသူ၊ သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့်ပင် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်လှည့်စေရန် သင်သည် သူ့ကိုသတိမပေးလျှင် သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သူ့အသက်ကို သင့်ထံ ငါပြန်တောင်းမည်။
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
ငါ၏နာမဖြင့် ထိုပရောဖက် ဆင့်ဆိုသော ငါ့စကားများကို နားမထောင်သောသူအား ငါစစ်ကြောစီရင်မည်။
ငါတို့ ဤသို့ပြုကြသည်မှာ နောင်ကာလ၌ သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ‘သင်တို့နှင့် အစ္စရေး၏ဘုရားသခင်ထာဝရဘုရားသည် မည်သို့ဆိုင်သနည်း။
ထို့နောက် ယောနသန်က “ထာဝရဘုရားသည် ဒါဝိဒ်၏ရန်သူတို့ကို သုတ်သင်တော်မူပါစေသော”ဟု ဆို၍ ဒါဝိဒ်၏အိမ်သူအိမ်သားတို့နှင့် ကတိသစ္စာပြုလေ၏။